• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယန်ကျယ်ချီသည် အမေရိကန်နိုင်ငံသို့ ခရီးလှည့်လည်မည်

(GMT+08:00) 2018-02-06 11:13:27

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌါနပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဒီလေဇိန်၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင် ယန်ကျယ်ချီသည် ယခုလ ၈ရက်နေ့မှ ၉ရက်နေ့အထိ အမေရိကန်နိုင်ငံသို့ ခရီးလှည့်လည်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

၎င်းက ယခုကာလတွင် တရုတ်နှင့်အမေရိကန်နှစ်နိုင်ငံစလုံးသည် နှစ်နိုင်ငံ၏ နယ်ပယ်အသီးသီး ကူးလူးဖလှယ်မှုကို ဆက်လက်ထိန်းသိမ်းပြီး အားသစ် လောင်းပေးမည်ဟု ဖော်ပြကြ ကြောင်း၊ ယခုအမေရိကန်ခရီးစဉ်အတောအတွင်း ယန်ကျယ်ချီသည် တရုတ်-အမေရိကန်ဆက်ဆံမှုနှင့် နှစ်ဖက်စလုံးအာရုံစိုက် နေကြသော နိုင်ငံတကာနှင့် ဒေသတွင်းရေးရာနှင့် ပတ်သက်၍ အမေရိကန်ဘက်နှင့် အမြင်ချင်းဖလှယ်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio