• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နည်းပညာသစ်နှင့် ဝန်ဆောင်မှုသစ်များဖြင့် နွေဦးပွဲတော် ခရီးသည်များ ပို့ဆောင်ရေးကို အထောက်အကူပြု

(GMT+08:00) 2018-02-05 11:17:12

        ယခုလ ၅ ရက်နေ့သည် ၂၀၁၈ခုနှစ် နွေဦးပွဲတော် ခရီးသည်များ ပို့ဆောင်ရေးလုပ်ငန်း စတင်လာသည့် ပဉ္စမမြောက်နေ့ဖြစ်သည်။ မီးရထားလုပ်ငန်းသည် လုံခြုံတည်ငြိမ်ပြီး စနစ်တကျ လည်ပတ်သည့် အခြေခံပေါ်တွင် နည်းပညာသစ်နှင့် ဝန်ဆောင်မှုသစ်များဖြင့် ခရီးသည်များ ပိုမို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ယခုနှစ် နွေဦးပွဲတော် ခရီးသည်များ ပို့ဆောင်ရေးတွင် အင်တာနက် ရထားလက်မှတ် ရောင်ချရေးစနစ်ကို အဆင့်မြှင့်တင်ပြီး တစ်ရက်အတွင်း အွန်လိုင်း ရထားလက်မှတ် ရောင်းချနှုန်းကို ၁၀ သန်းမှ ၁၅ သန်းအထိ တိုးမြှင့်လာကြောင်း၊ ဇန်နဝါရီလ ၃ ရက်နေ့မှစပြီး နွေဦးပွဲတော် ရှေ့နောက်ကာလအတွင်း ရထားလက်မှတ် စုစုပေါင်း သန်း ၃၅၀ ရောင်းချပြီး ၄င်းအနက် အွန်လိုင်းမှရောင်းချသော ရထားလက်မှတ်ပမာဏသည် သန်း ၂၈၀ ရှိကာ စုစုပေါင်းပမာဏ၏ ၈၀ ရာခိုင်နှုန်းခန့်ရှိကြောင်း တရုတ် မီးရထား သိပ္ပံပညာ သုတေသနအသင်း အီလက်ထရောနစ်ဌာနမှ ဒုဌာနမှူး ကျူကျန့်ရှိန်းက ပြောကြားခဲ့သည်ဟု သိရပါသည်။

   Webradio