• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်မြို့ပြတည်ဆောက်မှုနှုန်း ၅၈.၅၂ရာခိုင်နှုန်းအထိတိုးလာ

(GMT+08:00) 2018-02-05 10:59:22

တရုတ်နိုင်ငံတော်စာရင်းအင်းဌာနမှ နောက်ဆုံးထုတ်ပြန်သော စာရင်းအရ ၂၀၁၇ ခုနှစ်နှစ်ကုန်အထိ တရုတ်မြို့ပြအမြဲတမ်းနေထိုင်သူဦးရေမှာ ၈၁၃.၄၇ သန်းရှိပြီး လွန်ခဲ့သည့်နှစ် ကုန်ထက် ၂၀.၄၉ သန်း တိုးများကြောင်း၊ မြို့ပြလူဦးရေမှာ စုစုပေါင်းလူဦးရေ၏ ၅၈.၅၂ ရာခိုင်နှုန်းရှိပြီး လွန်ခဲ့သည့်နှစ်ကုန်ထက် ၁.၁၇ရာခိုင်နှုန်းတိုးများကြောင်း သိရသည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ပေကျင်းတက္ကသိုလ်စီးပွားရေးမူဝါဒသုတေသနဌာန ဌာနမှူးချင်ယွိယွီက မြို့ပြတည်ဆောက်မှုနှုန်းတိုးမြှင့်ခြင်းသည် အတတ်ပညာနှင့် အလုပ်တွင်ကျယ်မှု တိုးတက်စေမည်ဟုပြောကြားသည်။

   Webradio