• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ကျေးလက်ဒေသ ရှင်သန်ရေး မဟာဗျူဟာ ဘက်စုံ ကျင့်သုံး

(GMT+08:00) 2018-02-05 09:26:44

ယခုရာစုနှစ်အတွင်း တရုတ်ပြည်၏ ၁၅ ခုမြောက် လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဒေသနှင့် လယ်သမားရေးရာ ၂၀၁၈ ခုနှစ် ဗဟို အမှတ်(၁) စာတမ်းကို ယခုလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းစာတမ်းတွင် တရုတ်ပြည် ကျေးလက်ဒေသ ရှင်သန်ရေး မဟာဗျူဟာများကို ဘက်စုံ ရေးဆွဲ စီမံထားကြောင်း သတင်းရရှိပါသည်။

ယင်းစာတမ်းတွင်၊ ကျေးလက်ဒေသ ရှင်သန်ရေး မဟာဗျူဟာ အကောင်အထည် ဖေါ်ဆောင်ရေးသည် တရုတ်ပြည်သူများ တစ်နေ့ထက်တစ်နေ့ တိုးမြင့်လာနေသော နေထိုင်မှုဘဝဆိုင်ရာ လိုအပ်ချက်နှင့် ဖွံ့ဖြိုးမှု မညီမျှခြင်း အကြား အဆီအငေါ် မတည့်မှု ပြဿနာ ဖြေရှင်းရန် မရှိမဖြစ်သော လိုအပ်ချက် ဖြစ်ကြောင်း၊ "နှစ် ၁၀၀ နှစ်ခု" ကြိုးပမ်းဆောင်ရွက်မှု ရည်မှန်းချက် ဖေါ်ဆောင်ရန် မရှိမဖြစ်သော လိုအပ်ချက် ဖြစ်ကြောင်း၊ ပြည်သူ တစ်ရပ်လုံး အတူ ကြီးပွါးချမ်းသာရေး ဖေါ်ဆောင်ရန် မရှိမဖြစ်သော လိုအပ်ချက် ဖြစ်ကြောင်း ရေးသားထားပါသည်။

    ယင်းစာတမ်းတွင်၊ ၂၀၂၀ ပြည့်နှစ်တွင် ကျေးလက်ဒေသ သန့်ရှင်းရေး လုပ်ငန်း၏ စနစ် မူဘောင်နှင့် မူဝါဒ စနစ်များ အခြေခံအားဖြင့် ဖြစ်တည်လာမည် ဖြစ်ကြောင်း၊ ၂၀၃၅ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ခေတ်မီရေး အခြေခံအားဖြင့် ဖေါ်ဆောင်မည် ဖြစ်ကြောင်း၊ ၂၀၅၀ ပြည့်နှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ရှင်သန်ရေး ဘက်စုံ ဖေါ်ဆောင်မည် ဖြစ်ကြောင်း ရေးသားထားပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio