• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်နှင့် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် အစည်းအဝေး သတင်းယူရန် ကြိုဆို

(GMT+08:00) 2018-02-02 09:23:58

၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမ အကြိမ် အစည်းအဝေးနှင့် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ပထမ အကြိမ် အစည်းအဝေးကို ယခုနှစ် မတ်လ ၅ ရက်နေ့နှင့် ၃ ရက်နေ့တွင် ပီကင်း၌ အသီးသီး ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ ယခုလ ၁ ရက်နေ့က ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီရုံးနှင့် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်ရုံးသည် ပြည်တွင်း ပြည်ပ သတင်းထောက်များ သတင်းယူရန် ကြိုဆိုသည်ဟု ကြေညာခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမ အကြိမ် အစည်းအဝေး သတင်းစင်တာ အင်တာနက် ဝက်ဘဆိုဒ်မှာ http://www.npc.gov.cn/pc/13_1 ဖြစ်ပြီး ၁၃ ကြိမ်မြောက် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ပထမ အကြိမ် အစည်းအဝေး သတင်းစင်တာ အင်တာနက် ဝက်ဘဆိုဒ်မှာ http://www.cppcc.gov.cn ဖြစ်ကြောင်း သိရပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio