• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Bitcoinနှင့်ငွေရှင်းခြင်းကို ပိတ်ပင်သည်ဟု အင်ဒိုနီးရှားကြေညာ

(GMT+08:00) 2018-01-26 16:47:50

အင်ဒိုနီးရှားဗဟိုဘဏ်၏ငွေထုတ်ပေးရေးစနစ်နှင့် ငွေကြေးစီမံခန့်ခွဲရေးရုံးမှ အရာရှိတစ်ဦးက ယခုလ၂၄ရက်နေ့က ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ရာ၊  ပီတ်ငွေဖြင့် ငွေရှင်းခြင်း အသုံးမပြုရန်၊  ယင်းမှာ နိုင်ငံတော်ငွေကြေးဥပဒေနှင့် ပယ်ဖျက်သည်ဟု အင်ဒိုနီးရှားအစိုးရနှင့် ဗဟိုဘဏ်တို့က ပြည်သူလူထုအား သတိပေးကြောင်း တရုတ်သူ့နေ့စဉ်သတင်းစာမှသတင်းအရသိရပါသည်။

ဆက်လက်ပြီး ၄င်းက ဒီဂျစ်တယ်ငွေဖြေစ်သည့်ပီတ်ငွေသည် နာမည်မဖော်ပြဘဲ အရောင်းအဝယ်ပြုနိုင်သောကြောင့် အကြမ်းဖက်သမားများသည် ငွေကြေးခဝါချမှုတွင် အသုံးပြုနိုင်ဖွယ်ရာရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio