• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံနှစ်နိုင်ငံ အစီအစဉ်သည် ပါလက်စတိုင်း ပြဿနာ ဖြေရှင်းရန် မှန်ကန်သော လမ်းကြောင်း ဖြစ်သည်ဟု တရုတ် ကိုယ်စားလှယ် ဆို

(GMT+08:00) 2018-01-26 12:41:38
ကုလသမဂ္ဂ ဆိုင်ရာ တရုတ် အမြဲတမ်း ဒုကိုယ်စားလှယ် ဝူဟိုင်ထောင်က၊ နိုင်ငံ နှစ်နိုင်ငံ အစီအစဉ်သည် ပါလက်စတိုင်း ပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် မှန်ကန်သော လမ်းကြောင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တွန်းအားပေးရန် ပြတ်ပြတ်သားသား ထောက်ခံပါကြောင်း ယခုလ ၂၅ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပါလက်စတိုင်း ပြဿနာဆိုင်ရာ အိုပင်း အချေအတင် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။(ဘာသာပြန် မေကြော့ရှင်း)
   Webradio