• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဥရောပ တပြေးညီ ဖြစ်စေရေး ဖြစ်စဉ် အခက်အခဲများ ကြုံတွေ့

(GMT+08:00) 2018-01-25 15:29:37

ယခုနှစ်တွင် ဘူလ်ဂေးရီးယား နိုင်ငံသည် အက်စတိုးနီးယားမှ ဆက်ခံပြီး ဥရောပ သမဂ္ဂ အလှည့်ကျ သဘာပတိ နိုင်ငံ အဖြစ် တာဝန် ထမ်းဆောင်နေကြောင်း၊ မကြာခင်က ဘူလ်ဂေးရီးယား သမ္မတ ရာဒက်ဗ်က ဥရောပ တပြေးညီ ဖြစ်စေရေးကို ဆက်လက် တွန်းအားပေးပြီး စည်းလုံးညီညွတ်ပြီး ပိုမိုကြီးမားတောင့်တင်းသော ဥရောပကို တည်ဆောက်ရန် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများအား ပန်ကြားကြောင်း တရုတ် ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

လက်ရှိအချိန်တွင် ဥရောပ တပြေးညီ ဖြစ်စေရေးဖြစ်စဉ်သည် မကြံစဖူး ခက်ခဲသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ ဥရော သမဂ္ဂမှ ဗြိတိန် နိုင်ငံ ထွက်ခွါရေးသည် အဆိုးရွားဆုံး စိန်ခေါ်မှု ဖြစ်ပြီး ဒုက္ခသည် ပြဿနာနှင့် အကြမ်းဖက်မှု အန္တရာယ်လည်း ဥရောပ အပေါ် အနှောင့်အယှက်ပြုမြဲပြုနေကြောင်း၊ ၂၀၁၇ခုနှစ်က ဟော်လန်၊ ပြင်သစ်၊ သြစတီးယားနှင့် ဂျာမဏီစသည့် နိုင်ငံများ၌ ကျင်းပခဲ့သော ရွေးကောက်ပွဲများတွင် အစွန်းရောက် လက်ယာအင်အားစုများ ဦးမော့လာခြင်းသည် ဥရောပ တပြေးညီ ဖြစ်စေရေး အပေါ် ထိခိုက်မှု ဖြစ်ကြောင်း၊ ထို့အပြင်၊ ဒုက္ခသည်များ လက်ခံရေး အပေါ် သဘောကွဲလွဲမှုရှိခြင်းကြောင့် အလယ်၊အရှေ့ ဥရောမှ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများနှင့် အမြုတေ ဥရောပ အဖွဲ့ဝင် နိုင်ငံများ အကြား သွေးကွဲမှု တိုးပွားလာနေကြောင်း ရေးသားဖော်ပြသည်။

ယခုနှစ်သည် ဥရောပ သမဂ္ဂ တပြေးညီ ဖြစ်စေရေး ဖြစ်စဉ် တွန်းအားပေးရေး အတွက် သော့ချက်ကျသော နှစ်တစ်နှစ် ဖြစ်ကြောင်း၊ ယခုနှစ်တွင် ဥရောပ နိုင်ငံများစွာတွင် ရွေးကောက်ပွဲများကို ကျင်းပမည် ဖြစ်ကြောင်း၊ ယူရိုငွေ ဇုန်နယ်တွင် စီးပွားရေးနှင့် ငွေကြေး ပြုပြင်ပြောင်းလဲမှုကို ပြုလုပ်မည် ဖြစ်ကြောင်း၊ ယင်းနယ်ပယ်များတွင် လက်တွေ့ကျသော တိုးတက်မှု ရရှိမရရှိနိုင်ခြင်းသည် ဥရောပ တပြေးညီ ဖြစ်စေရေး ဖြစ်စဉ် အပေါ် တိုက်ရိုက် ဂယက်ရိုက်ခတ်စေမည် ဖြစ်ကြောင်း ရေးသားဖော်ပြသည်။

   Webradio