• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-လက်တင်အမေရိက ဖိုရမ်တွင် အောင်ကျိုးရလဒ်ဆိုင်ရာ စာတမ်းများ ထုတ်ပြန်

(GMT+08:00) 2018-01-24 09:43:42

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က၊ မကြာမီက ကျင်းပ ပြီးစီးခဲ့သော တရုတ်-လက်တင်အမေရိက ဖိုရမ် ဒုတိယ အကြိမ်မြောက် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင်၊ တရုတ်နှင့် လက်တင်အမေရိက နိုင်ငံများသည် Belt and Road အထူး ကြေညာချက် အပါအဝင် အောင်ကျိုးရလဒ်ဆိုင်ရာ စာတမ်း သုံးရပ်ကို အတည်ပြုခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဟွာချွင်ယဉ်က၊ အစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တင်ပြသော Belt and Road အဆိုပြုချက်ကို ရှင်းလင်း ပြောကြားခဲ့ရာ အစည်းအဝေး တက်ရောက်သူများ၏ တုံ့ပြန် ချီးကျူးမှုကို ရရှိခဲ့ကြောင်း၊ နှစ်ဖက်တို့သည် ယင်းနှင့် ပတ်သက်ပြီး နိုင်ငံရေး သဘောတူညီမှုကို ရရှိခဲ့ကြောင်း၊ ယခုအကြိမ် အစည်းအဝေးသည် ချောမောအောင်မြင်သည်ဟု မိမိတို့ ယုံကြည်ပါကြောင်း ပြောကြားပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio