• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန် ဝန်ကြီးချုပ် အုပ်ချုပ်ရေး ဆိုင်ရာ မိန့်ခွန်းပြောကြား

(GMT+08:00) 2018-01-23 14:29:22

၁၉၆ကြိမ်မြောက် ဂျပန် လွှတ်တော် ပုံမှန် အစည်းအဝေးကို ယခုလ ၂၂ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း၊ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ထိုနေ့ညနေပိုင်းက အထက်နှင့်အောက် လွှတ်တော် မျက်နှာစုံညီ အစည်းအဝေးတွင် အုပ်ချုပ်ရေး ဆိုင်ရာ မိန့်ခွန်းပြောကြားရာ၌ ဂျပန်-တရုတ် ဆက်ဆံမှု အဆင့်သစ်သို့ ရောက်ရှိနိုင်အောင် တွန်းအားပေးရန် မျှော်လင့် ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဖြစ်စဉ်ကို တွန်းအားပေးရန် အတွက် လွှတ်တော်ထံ ပြင်ဆင်ရေး ဆိုင်ရာ အသေးစိတ် အဆိုပြုချက် မူကြမ်းကို တင်ပြရန် နိုင်ငံရေး ပါတီ အသီးသီးတို့အား တောင်းဆိုကြောင်းလည်း ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

ယင်းသည် ၂၀၁၂ခုနှစ်က ရှင်ဇိုအာဘေး အနေနှင့် ဝန်ကြီးချုပ် အဖြစ် ဒုတိယအကြိမ် တာဝန် ထမ်းဆောင်ခဲ့သည့် နောက်ပိုင်းတွင် ဆဌမအကြိမ် အုပ်ချုပ်ရေး ဆိုင်ရာ မိန့်ခွန်းပြောကြားခြင်း ဖြစ်သည်။ ဂျပန်-တရုတ် ဆက်ဆံမှုနှင့် ပတ်သက်၍ ရှင်ဇိုအာဘေးက ဂျပန်နှင့် တရုတ် နှစ်နိုင်ငံတို့သည် ဒေသတွင်း ငြိမ်းချမ်းမှုနှင့် စည်ပင်သာယာမှု ထိန်းသိမ်းကာကွယ်ရေး တာဝန်ကို ထမ်းဆောင်နေကြကြောင်း၊ ဂျပန် အနေနှင့် တရုတ်ပြည်နှင့် တည်ငြိမ်သော မိတ်ဆွေဖြစ် ဆက်ဆံမှုကို ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်း ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယခုနှစ်သည် ဂျပန်-တရုတ် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သဘောတူ စာချုပ်ချုပ်ဆိုခဲ့သည့် နှစ်၄၀ပြည့်မြောက်နှစ် ဖြစ်ကြောင်း၊ နှစ်နိုင်ငံတို့သည် စီးပွားရေး၊ ယဉ်ကျေးမှု၊ ခရီးသွား၊ အားကစားစသည့် နယ်ပယ်များတွင် ကူးလူးဖလှယ်မှုကို အားဖြည့်ပြုလုပ်မည် ဖြစ်ပြီး အဆင့်မြင့် ကူးလူးဖလှယ်မှု ဇောက်ချပြုလုပ်ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံမှု အဆင့်သစ်သို့ ရောက်ရှိနိုင်အောင် တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားသည်။

 

   Webradio