• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဖိလစ်ပိုင်ဆက်ဆံရေး ဘက်စုံပြန်လည်ကောင်းမွန်လာ

(GMT+08:00) 2018-01-22 14:09:42

  တရုတ်နှင့်ဖိလစ်ပိုင်ဆက်ဆံရေး ဘက်စုံပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ တရုတ်-ဖိလစ်ပိုင်လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးအတွက်လည်း ကြုံခဲသော ဖွံ့ဖြိုးရေး အခွင့်ကောင်းများ ဖန်တီးပေးလာသည်။ တရုတ်ယဉ်ကျေးမှုများ ဖိလစ်ပိုင်သို့ အဆက်မပြတ်ဝင်ရောက်သည့်တစ်ချိန်တည်းတွင် များသထက်များလာသော ဖိလစ်ပိုင် ထူးခြားချက်ပါရှိသော ယဉ်ကျေးမှုလုပ်ငန်းများကို ဖိလစ်ပိုင်လူမျိုးများက တရုတ်ဈေးကွက်သို့ ဆောင်ကျဉ်းလာခဲ့သည်ဟုတရုတ်လူငယ်သတင်းစာမှ သတင်းအရသိရသည်။

မကြာခင်က ပီကင်း၌ ကျင်းပခဲ့သော ပြည်တွင်းပြည်ပ ယဉ်ကျေးမှုကူးလူးဖဖှယ်ရေး လှုပ်ရှားမှုတစ်ရပ်တွင် ဖိလစ်ပိုင်နိုင်ငံတော်ဝူရှူးသိုင်းပညာဖြစ်သည့် Arnis သည် တရုတ်ပရိသတ်များကို ဆွဲဆောင်နိုင်ခဲ့သည်။

   Webradio