• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆောင်းရာသီ အိုလံပစ် အားကစား ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် တောင်မြောက် ကိုးရီးယား နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တို့ အားကစားကွင်း အတူ ဝင်ရောက်ကြမည်

(GMT+08:00) 2018-01-21 12:32:10

နိုင်ငံတကာ အိုလံပစ် ကော်မတီသည် ယခုလ ၂၀ရက်နေ့က ဆွစ်ဇာလန် နိုင်ငံ လောစန်မြို့ရှိ ဌာနချုပ်ရုံးတွင် ၄ပွင့်ဆိုင် အစည်းအဝေးကို ကျင်းပရာ တောင်မြောက် ကိုးရီးယား နှစ်နိုင်ငံ ပြုံချန် ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်၌ အတူ ပါဝင်ယှဉ်ပြိုင်ခြင်း ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

မြောက်ကိုးရီးယား နိုင်ငံမှ အားကစားမောင်မယ် ၂၂ဦးသည် ယခုနှစ် ဖေဖော်ဝါရီ လတွင် ကျင်းပမည့် ပြုံချန်-ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း၊  ဖွင့်ပွဲ အခမ်းအနားတွင် တောင်ကိုးရီးယားနှင့် မြောက်ကိုးရီးယား နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တို့သည် အားကစားကွင်း အတွင်းသို့ အတူ ဝင်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

 

 

   Webradio