• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဒုတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပ

(GMT+08:00) 2018-01-20 12:46:40

၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဒုတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ယခုလ ၁၈ရက်နေ့မှ ၁၉ရက်နေ့အထိ ပီကင်းတွင် ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် ၂၀၃ဦး၊ အရံကော်မတီဝင် ၁၇၂ဦးတို့ ယခုအကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း၊ တရုတ် ကွန်မြူနစ် ပါတီ ဗဟို စည်းကမ်း ထိန်းသိမ်းရေး ကော်မရှင် အမြဲတမ်းအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ခံများ၊ ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များမှ အောက်ခြေ အဆင့်ပုဂ္ဂိုလ်နှင့် ပညာရှင်များသည် လေ့လာသူ အဖြစ် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် ၄င်းအစည်း အဝေးကို ကြီးမှူးကျင်းပကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် အရေးကြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

   Webradio