• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ဦး အဓိကရုဏ်းတွင် ၇ ဦးသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရ

(GMT+08:00) 2018-01-18 14:25:10

      ယခုလ ၁၆ ရက်နေ့ညက  မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဆန္ဒပြပွဲဖြစ်ပွား ခဲ့ရာ၊ လူ ၇ ဦးသေဆုံးပြီး၊ ရဲဝန်ထမ်းအပါအဝင် လူ ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနမှ ယခုလ ၁၇ ရက်နေ့က ထုတ် ပြန်ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ယခုလ ၁၆ ရက်နေ့ညက ဆန္ဒပြသူများသည်၊ မြောက်ဦးမြို့နန်းတော်ကုန်းထက်တွင် စုဝေးပြီး၊ တစ်မြို့လုံးတွင် လှည့်လည်လမ်းလျှောက်ခဲ့ရာ၌ ရဲတပ်ဖွဲ့နှင့် အဓိကရုဏ်းဖြစ်ပွားခဲ့ သဖြင့်၊ ဆန္ဒပြသူ ၇ ဦးသေဆုံးပြီး၊ ရဲဝန်ထမ်းအပါအဝင် လူ ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဖော်ပြခဲ့သည်ဟု သိရသည်။

   Webradio