• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အီရန်နျူကလီးယားပြဿနာဆိုင်ရာ သဘောတူစာချုပ်ကို ထိန်းသိမ်းကာကွယ်ရန် ကူတာရက်စ် ပန်ကြား

(GMT+08:00) 2018-01-18 10:54:11

        ယခုလ ၁၇ ရက်နေ့က အီရန် နျူကလီးယားပြဿနာဆိုင်ရာ သဘောတူစာချုပ်ကို ဘက်စုံ အကောက်အထည်ဖော်ဆောင်သည့် ၂ နှစ်ပြည့် အခါသမယတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကူတာရက်စ်က  ပြောရေးဆိုခွင့်ရှိသူ ဒူရာရစ်မှတစ်ဆင့် ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့ရာ အီရန် နျူကလီးယား သဘောတူစာချုပ်ကို ထိန်းသိမ်းကာကွယ်ရန် ပန်ကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

       အီရန် နျူကလီးယားပြဿနာဆိုင်ရာ သဘောတူစာချုပ်သည် အီရန်နျူကလီးယားအစီအဉ်ကို ငြိမ်းချမ်းရေး ရည်မှန်းချက်ဖြင့်သာ ဆောင်ရွက်ရန် ကာကွယ်ပေးသော အကောင်းဆုံးနည်းလမ်းပင် ဖြစ်ကြောင်း၊ ယင်းသည် နျူကလီးယား မပြန့်ပွားရေးနှင့် နိုင်ငံခြားရေး နယ်ပယ်မှ အရေးကြီးသော အောင်ကျိုးရလဒ် တစ်ရပ်ပင်ဖြစ်ကြောင်း၊ ယင်းသည် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အကျိုးဆောင်ပေးခဲ့ကြောင်း ကူတာရက်စ်က ယုံကြည်သည်ဟု ယင်းကြေညာချက်တွင် ဖော်ပြသည်။

(ဘာသာပြန်-အေးသန္တာဆွေ)

   Webradio