• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယား နျူကလီးယား ပြဿနာဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသည် သွေးကွဲမှုသာဖြစ်စေနိုင်ဟု တရုတ်ဆို

(GMT+08:00) 2018-01-18 10:53:38

        အမေရိကန်နှင့် ကနေဒါနိုင်ငံတို့ ဦးစီးကျင်းပသော မြောက်ကိုးရီးယား နျူကလီးယား ပြဿနာဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူခမ်းက မျက်မှောက်အချိန်တွင် ကိုးရီးယားကျွန်းဆွယ် အခြေအနေ လျော့ပေါ့လာနေသောအခါသမယတွင် အမေရိကန်နှင့် ကနေဒါနိုင်ငံတို့၏ အဆိုပါ လုပ်ရပ်သည် စစ်အေးကာလ အတွေးအခေါ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်းသည် နိုင်ငံတကာ မိသားစုကြီး သွေးကွဲမှုသာ ဖြစ်စေနိုင်မည် ဖြစ်ပြီး သက်ဆိုင်ရာ ပြဿနာများ သင့်လျော်စွာ ဖြေရှင်းရန်အတွက် လက်တွဲ ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း ထိခိုက်မည်ဖြစ်ကြောင်း ယခုလ ၁၇ ရက်နေ့က ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

        ယခုလ ၁၆ ရက်နေ့က အမေရိကန်နှင့် ကနေဒါနိုင်ငံတို့သည် ကိုးရီးယား စစ်ပွဲတွင် ပါဝင်ခဲ့သော နိုင်ငံများကို စုစည်းပြီး ဗန်ကော်ဝါမြို့ မြောက်ကိုးရီးယား နျူကလီးယား ပြဿနာဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် နိုင်ငံတကာ မိသားစုကြီးသည် အတိုင်းအတာ အကြီးမားဆုံးသော ဖိအားကို မြောက်ကိုးရီးယားနိုင်ငံအား ပေးသင့်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။

(ဘာသာပြန်-အေးသန္တာဆွေ)

 

   Webradio