• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်၏ ဖွံ့ဖြိုးရေးအတွေ့အကြုံကို အတုယူလေ့လာမည်ဟု အာဆီယံ ဒု အတွင်းရေးမှူးချုပ် ဆို

(GMT+08:00) 2018-01-17 12:56:01

      အာဆီယံဒုတိယအတွင်းရေးမှူးချုပ် မိုဟ်တန်က တစ်ကမ္ဘာလုံးတွင် အထူးသဖြင့် အာဆီယံဒေသတွင် တရုတ်ပြည်၏ သြဇာညောင်းမှု တစ်နေ့တခြားကြီးမားလာပြီး၊ အာဆီယံနိုင်ငံများအနေနှင့် တရုတ်ပြည်၏ ဖွံ့ဖြိုးရေးအတွေ့အကြုံများကို အလေးထားပြီး အတုယူလေ့လာသင့်ကြောင်း ယခုလ ၁၅ ရက်နေ့က ကျင်းပသည့် အာဆီယံကျောင်းသား ဟောင်းများ ၂၀၁၈ နှစ်သစ်မိတ်ဆုံပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရသိရသည်။

မိုဟ်တန်က တရုတ်အစိုးရမှ နိုင်ငံခြားအား ပံ့ပိုးကူညီပေးသည့် ပျိုးထောင်မှုအစီအစဉ် များသည်၊ အာဆီယံစီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးမှုအတွက် များစွာစွမ်းဆောင်မှုပြုခဲ့ပြီး၊ ယင်း အပေါ် တန်ဖိုးထားချီးကျူးပြီး ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရ သိရသည်။

   Webradio