• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပိုမိုရင်းနှီးသော တရုတ်-အာဆီယံကံကြမ္မာအသိုက်အဝန်းတည်ဆောက်ရန် တွန်းအားပေး မည်ဟု ဟွမ်ရှီးလျန်ဆို

(GMT+08:00) 2018-01-17 12:54:54

      တာဝန်ထမ်းဆောင်တော့မည့် ဟွမ်ရှီးလျန် သည်၊ ယခုလ ၁၅ ရက်နေ့က စီအာအိုင်သတင်းထောက်နှင့် တွေ့ဆုံခဲ့ရာ၌၊ တာဝန် ထမ်းဆောင်တော့မည့် အာဆီယံဆိုင်ရာ တရုတ်သံအမတ်ကြီးအနေနှင့် မိမိ၏ တာဝန်ကြီးလေးပြီး ဂုဏ်လည်းယူ ပါကြောင်း၊ တရုတ်နှင့် အာဆီယံတို့သည်၊ ဖွံ့ဖြိုးရေးခေတ်ကာလသစ်တွင် ဝင်ရောက် နေပြီဖြစ်ပြီး၊ မိမိတာဝန်သက်တမ်းအတွင်း တရုတ်- အာဆီယံဆက်ဆံမှုတိုးမြှင့်ပြီး၊ ပိုမိုရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာအသိုက်အဝန်း တည်ဆောက်သွားမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင်ကဖော်ပြ သည်။

      ဆက်လက်၍ ဟွမ်ရှီးလျန်က မိမိအနေနင့် အာဆီယံဆိုင်ရာလုပ်ငန်းများကို နှစ်ပေါင်း များစွာ လုပ်ကိုင်ဆောင်ရွက်ခဲ့သဖြင့်၊ အာဆီယံနိုင်ငံများနှင့် ရင်းနှီးသောဆက်ဆံမှုထားရှိ ခဲ့ပြီးဖြစ်ကြောင်းပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။
   Webradio