• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သည် ဒွန်လောင်ဒေသတွင် အ​ချုပ်​အ​ခြာ​အာ​ဏာ​ပိုင်​မှု ဆက်လက်ကျင့်သုံးမည်

(GMT+08:00) 2018-01-16 15:02:08

      တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူခမ်းက ဒွန်လောင်ဒေသ သည်၊ တရုတ်ပြည်၏ ပိုင်နက်နယ်မြေဖြစ်ပြီး၊ တရုတ်ပြည်အနေနှင့် သမိုင်းမှာ ပါရှိပြီးဖြစ် သည့် နယ်ခြားသတ်မှတ်ချက်အတိုင်း ဒွန်လောင်ဒေသတွင် အချုပ်အခြာအာဏာပိုင်မှုကို ဆက်လက် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ယခုလ ၁၅ ရက်နေ့က ပီကင်းပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

မကြာမီရက်များက အိန္ဒိယကြည်းတပ် စစ်ဦးစီးမှူးက ဒွန်လောင်သည် အိန္ဒိယ၏ နယ်မြေမဟုတ်ကြောင်း၊ ဒွန်လောင်အရေးအခင်းတစ်ရပ်လုံးအတွင်း အိန္ဒိယတပ်ဖွဲ့သည်၊ အိန္ဒိယနယ်မြေမဟုတ်သော နေရာသို့ ဝင်ရောက်ခဲ့ခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အိန္ဒိယ မီဒီယာက ရေးသားဖော်ပြသည်။ ယင်းနှင့် စပ်လျဉ်း၍ လူခမ်းက ယခုလိုထုတ်ဖော် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု သတင်းအရသိရသည်။

 

   Webradio