• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါတီ စီမံအုပ်ချုပ်ရေးနှင့် ကြီးကြပ်ရေးကို လေးနက်စွာ ဆောင်ရွက်ရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00) 2018-01-12 09:18:47

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၁ ရက်နေ့ နံနက်ပိုင်းက တရုတ် ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ဗဟို စည်းမျဉ်းစည်းကမ်း ကြီးကြပ်ရေး ကော်မတီ ဒုတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် အရေးကြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ရှီကျင့်ဖိန်က၊ ပါတီ စီမံအုပ်ချုပ်ရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းကို စွဲစွဲမြဲမြဲ၊ ပြတ်ပြတ်သားသား၊ ဦးလည်မသုန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ညီလာခံ ရည်မှန်းချက်အကြောင်းအရာများကို ဘက်စုံ အကောင်အထည် ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း၊ ပါတီ စီမံအုပ်ချုပ်ရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းကို တင်းတင်းကျပ်ကျပ် လေးလေးနက်နက် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်း အောင်ပွဲရအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio