• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အကြမ်းဖက်မှုအား အလျှော့ပေးမည်မဟုတ်ဟု မလေးရှားအစိုးရဆို

(GMT+08:00) 2018-01-08 14:25:26

မလေးရှားဝန်ကြီးချုပ် နာဂျစ်က ၆ရက်နေ့က ကွာလာလန်ပူမြို့တော်၌ ကျင်းပခဲ့သော နိုင်ငံတကာလုံခြုံမှုဆိုင်ရာ ဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ မလေးရှားအစိုးရသည် အကြမ်းဖက်မှုကို ဘယ်တော့မှအလျှော့ပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့ သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ထိုသို့ပြောကြားရာတွင် ဝန်ကြီးချုပ်နာဂျစ်က အိုင်အက်စ်အဖွဲ့သည် ကြီးလေးပြင်းထန် သော ထိုးနှက်တိုက်ခိုက်မှုကို ခံခဲ့ရသော်လည်း မလေးရှားအပါအဝင် အရှေ့တောင်အာရှ နိုင်ငံများအပေါ် ခြိမ်းခြောက်မှုကြီးဖြစ်နေသေးကြောင်း၊ မလေးရှားသည် အစွန်းရောက် အကြမ်းဖက်မှုများကို သတိသရားထားရှိရမည်ဖြစ်ကြောင်း ဖော်ပြပါသည်။

   Webradio