• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် နိုင်ငံတော်၏ ရုပ်သွင် နိုင်ငံတကာ စစ်တမ်းကောက်ယူမှု အစီရင်ခံစာ ထုတ်ပြန်

(GMT+08:00) 2018-01-08 09:17:03

မကြာမီက ယနေ့ခေတ် တရုတ်နှင့် နိုင်ငံတကာရေးရာ သုတေသနဌာနသည် ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တရုတ် နိုင်ငံတော်၏ ရုပ်သွင်ဆိုင်ရာ နိုင်ငံတကာ စစ်တမ်းကောက်ယူမှု အစီရင်ခံစာကို ပီကင်း၌ ထုတ်ပြန်ခဲ့သည်။

ယင်းအစီရင်ခံစာတွင်၊ ခြုံပြီး ကြည့်လျှင် ကမ္ဘာပေါ်တွင် တရုတ်ပြည်၏ ရုပ်သွင်သည် မှန်မှန် မြင့်တင် လာနေကြောင်း၊ တရုတ်ပြည် စီးပွါးရေး ကမ္ဘာပေါ်တွင် သြဇာညောင်းမှုသည် ကမ္ဘာ့ ဒုတိယ နေရာတွင် တည်ရှိနေကြောင်း၊ တရုတ်ပြည်၏ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင် စွမ်းအားသည် ချီးကျူးမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိနေကြောင်း ရေးသားဖေါ်ပြထားသည်။

တရုတ် အစားအစာ၊ တရုတ်တိုင်းရင်းဆေးပညာနှင့် ဝူရှူးသိုင်းတို့သည် တရုတ် ယဉ်ကျေးမှုကို ကိုယ်စား အပြုနိုင်ဆုံးသော အကြောင်းရပ် သုံးရပ် ဖြစ်သည်ဟုလည်း ယင်း အစီရင်ခံစာတွင် ရေးသားဖေါ်ပြထားကြောင်း သတင်းရရှိပါသည်။

   Webradio