• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယတွင် ခရီးလှည့်လည်

(GMT+08:00) 2018-01-07 11:42:41

ယခုလ ၃ရက်နေ့မှ ၆ရက်နေ့အထိ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ရေးရာရုံး ဒုဥက္ကဋ္ဌ မွန်ရှမ်ဖုန်းသည် တရုတ် ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး အိန္ဒိယ နိုင်ငံတွင် ခရီးလှည့်လည်ရာ အိန္ဒိယ ပြည်သူ့ပါတီနှင့် အိန္ဒိယ အမျိုးသား ကွန်ဂရက် ပါတီ အပါအဝင် နိုင်ငံရေး ပါတီများ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထို့အပြင်၊ ကိုယ်စားလှယ်အဖွဲ့သည် ဒေလီနှင့် ဘွန်ဘေးတွင် ကျင်းပခဲ့သော တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အကြောင်း ဆိုင်ရာ မိတ်ဆက်ဖြန့်ချိပွဲသို့ အသီးသီး တက်ရောက်ပြီး ညီလာခံ၏ အနှစ်သာရကို မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

   Webradio