• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ကုလ ဒု အတွင်းရေးမှူးချုပ် တန်ဖိုးထားချီးကျူး

(GMT+08:00) 2018-01-03 14:26:31

      ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဒုတိယ အတွင်းရေးမှူးချုပ် လျူကျင့်မင်က၊ တရုတ် နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ၂၀၁၈ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားသည်၊ တရုတ်ပြည်က တက္ဘာလုံးအား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအချက်ပြနေပြီး၊ အားမာန်တက်ကြွ ဖွယ်ကောင်းကြောင်း ယခုလ ၁ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်း အရသိရသည်။

၂၀၁၈ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားခဲ့ရာတွင်၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ တရုတ်ပြည်သည်၊ ကုလသမဂ္ဂသြဇာနှင့် အဆင့်နေရာကို ပြတ်သားစွာ ထိန်းသိမ်းပြီး၊ နိုင်ငံတကာတာဝန်ဝတ္တရားကို တက်တက်ကြွကြွကျင့်သုံးဆောင်ရွက် ကြောင်း၊ ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှုရင်ဆိုင်ရေးဆိုင်ရာ ကတိပြုချက်ကို လိုက်နာပြီး Belt and Road အဆိုပြုချက်ကို တက်တက်ကြွကြွတွန်းအားပေးကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးတည်ဆောက် သူ၊ ကမ္ဘာ့ဖွံ့ဖြိုးရေးစွမ်းဆောင်မှုပြုသူနှင့် နိုင်ငံတကာစည်းကမ်း ထိန်းသိမ်းသူ အဖြစ် အစဉ်တစိုက်ဆောင်ရွက်မှာဖြစ်ကြောင်း၊ တရုတ်ပြည်သူများအနေနှင့် နိုင်ငံအသီးသီး ပြည်သူများနှင့်အတူ ပိုမိုစည်ပင်သာယာပြီး၊ ပိုမိုအေးချမ်းတည်ငြိမ်သော လူသား အနာဂတ်ကောင်းကို ဖန်တီးသွားလိုကြောင်း ပြောကြားခြင်းသည်၊ တရုတ်ပြည်က တာဝန်ဝတ္တရားထမ်းဆောင်တတ်သော နိုင်ငံဖြစ်သည်ကို နောက်ထပ်ပြဆိုနေကြောင်း သတင်းထောက်များအား လျူကျင့်မင်က ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio