• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘောဒီးယားဆန်စပါး ရာခိုင်နှုန်း၃၀ တရုတ်ဈေးကွက်သို့ တင်ပို့ရောင်းချ

(GMT+08:00) 2018-01-03 12:34:37

၂၀၁၇ခုနှစ်တွင် ကမ္ဘောဒီးယားဆန်စပါး တင်ပို့ရောင်းချမှု စုစုပေါင်းပမာဏမှာ တန် ၆သိန်း၃သောင်းကျော်ရှိ၍ ၎င်းအနက် ရာခိုင်နှုန်း၃၀ကို တရုတ်သို့ တင်ပို့ရောင်းချခဲ့ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

လက်ရှို ကမ္ဘောဒီးယားနိုင်ငံမှ ဆန်စပါးတင်ပို့ရောင်းချမှု ကုမ္ပဏီ ၈၀ကျော်တို့သည် နိုင်ငံနှင့် ဒေသ ၇၀ကျော်သို့ ဆန်စပါး တင်ပို့ရောင်းချခဲ့ကြောင်း၊ ယင်းအနက် အဓိက ဈေးကွက်မှာ တရုတ်၊ ဥရောပသမဂ၊ အာဆီယံနိုင်ငံများဖြစ်ကြကြောင်း သိရပါသည်။

   Webradio