• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အန်ကယ် ရွှေဖရုံသီး၏ ရွှေဖရုံသီး အိပ်မက်

(GMT+08:00) 2018-01-03 09:45:39

မကြာမီက တရုတ်ပြည် ရှိုကွမ်မြို့၌ ကျင်းပခဲ့သော ၁၈ ကြိမ်မြောက် နိုင်ငံတကာ ဟင်းသီးဟင်းရွက် ကုန်စည်ပြပွဲတွင် ပုံအမျိုးမျိုးရှိသော ရောင်စုံ ဧရာမ ရွှေဖရုံသီးများသည် ပွဲကြည့်ပရိသတ်များ၏ အာရုံကို ဖမ်းယူမိပါသည်။ ယင်းသည် ရှိုကွမ် မြို့၌ နာမည်ကြီး အန်ကယ် ရွှေဖရုံသီးဟု အခေါ်အဝေါ် ရှိသည့် လယ်သမား ကျောက်လိဟွာ၏ လက်ရာပင် ဖြစ်သည်။ ကျောက်လိဟွာသည် လွန်ခဲ့သည့် ၇ နှစ် ၈ နှစ် တုန်းက ဧရာမ ရွှေဖရုံသီးကို စတင် သုတေသနပြု စိုက်ပျိုးခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်တွင် အလေးချိန် ကီလိုဂရမ် ၂၅၀ ရှိသည့် ဧရာမ ရွှေဖရုံသီးကိုတောင် အောင်မြင်စွာ စိုက်ပျိုး လာနိုင်ခဲ့သည်။ ကျမ်းလိဟွာ၏ အိပ်မက်မှာ ယင်းထက် ပိုကြီးသော ဧရာမ ရွှေဖရုံသီးကို စိုက်ပျိုးလာပြီး နောက်ဆုံးတွင် ဂင်းနစ်စာရင်း ဝင်နိုင်ရန် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio