• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါကစ္စတန်၏ နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် အကျိုးပြု စွမ်းဆောင်မှုကို နိုင်ငံတကာ မိသားစုကြီး အတည်ပြုသင့်ဟု တရုတ် ဆို

(GMT+08:00) 2018-01-03 09:13:38

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ ပါကစ္စတန် နိုင်ငံသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ကြီးမားစွာ ကြိုးပမ်းဆောင်ရွက်ပြီး နစ်နာဆုံးရှုံးမှု များစွာ ခံခဲ့ရကြောင်း၊ နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ထူးချွန်စွာ အကျိုးပြု စွမ်းဆောင်ပေးခဲ့ကြောင်း၊ ယင်းအပေါ် နိုင်ငံတကာ မိသားစုကြီးက အတည်ပြုသင့်ကြောင်း ၂ ရက်နေ့က ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

မကြာမီက အမေရိကန်သည် လွန်ခဲ့သည့် ၁၅ နှစ်အတွင်း ပါကစ္စတန်အား ဒေါ်လာ ၃၃ ဘီလီယံကျော် ထောက်ပံ့ကူညီမှု ပေးသည့် လုပ်ရပ်မှာ မိုက်မဲနုံအသောလုပ်ရပ် ဖြစ်သည်ဟု ဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio