• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"လွန်ခဲ့သည့် ၅နှစ်အတွင်း တရုတ်ပြည် ရရှိခဲ့သည့် အောင်မြင်မှုများ" ပြပွဲကို အောင်မြင်စွာ ကျင်းပပြီးစီး

(GMT+08:00) 2018-01-01 11:58:33

"လွန်ခဲ့သည့် ၅နှစ်အတွင်း တရုတ်ပြည် ရရှိခဲ့သည့် အောင်မြင်မှုများ" ပြပွဲကို ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့က ပီကင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ယခုအကြိမ် ပြပွဲကို တရုတ် ပြန်ကြားရေး ဝန်ကြီးဌာန၊ အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင်၊ တရုတ် ဗဟို စစ်ရေး ကော်မရှင် နိုင်ငံရေး လုပ်ငန်းဌာနနှင့် တရုတ် ကွန်မြူနစ် ပါတီ ပီကင်းမြို့ ကော်မတီတို့ ဦးစီး ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ် စက်တင်ဘာလ ၂၅ရက်နေ့က ၄င်းပြပွဲကို ဖွင့်လှစ်ခဲ့သည့် နောက်ပိုင်းတွင် ပြည်တွင်းပြည်ပမှ လာရောက်ကြည့်ရှုသူ စုစုပေါင်း ဦးရေမှာ ၂သန်း၆သိန်း၆သောင်း ရှိပြီး ၄င်းပြပွဲ၏ အင်တက်နက် ဝက်ဘ်ဆိုက်ကို ကြည့်ရှုသူ ဦးရေမှာ ၂၂သန်း ၈သိန်း ၃သောင်း ရှိကြောင်း သိရသည်။

 

   Webradio