• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်၊ အာဖဂမ်၊ ပါကစ္စတန် ဆွေးနွေး ပူးပေါင်းဆောင်ရွက်မှုကို အခြားသော နိုင်ငံများ အနှောက်အယှက် မပြုသင့်ဟု ဟွာချွင်ယဉ် ဆို

(GMT+08:00) 2017-12-28 09:59:54

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က၊ တရုတ်၊ အာဖဂမ်၊ ပါကစ္စတန် ၃ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲတွင် အရေးကြီး သဘောတူညီမှုများကို ရရှိခဲ့ကြောင်း၊ ၃ နိုင်ငံ ဆွေးနွေး ပူးပေါင်းဆောင်ရွက်မှုသည် သုံးပွင့်ဆိုင် အပြင် တခြားသူ တစုံတရာကို ရည်စူးခြင်း မရှိကြောင်း၊ ယင်းအပေါ် အခြားသော နိုင်ငံနှင့် အင်အားစုများ အနှောက်အယှက် မပြုသင့်ကြောင်း ယခုလ ၂၇ ရက်နေ့က ပီကင်း၌ ကျင်းပသော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio