• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန်သည် စစ်ရေးလုံခြုံမှုနယ်ပယ်တွင် ဆင်ခြင် လုပ်ဆောင်ရန် တရုတ် မျှော်လင့်

(GMT+08:00) 2017-12-27 09:59:41

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က၊ ဂျပန်သည် အီဇူမို စောင့်ကြပ်သင်္ဘောကို တိုက်လေယာဉ်များ ဆင်းသက် ပျံသန်းနိုင်သော လေယာဉ်တင် သင်္ဘော အဖြစ် ပြုပြင် ဆောက်လုပ်မည် ဟူသော သတင်းကို တရုတ် နိုင်ငံက သတိထားမိခဲ့ကြောင်း၊ ဂျပန် နိုင်ငံသည် ကာကွယ်ရေး သပ်သပ် စွဲကိုင်ပြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးရေး လမ်းကြောင်းကို စွဲကိုင်ကာ စစ်ရေး လုံခြုံမှု နယ်ပယ်တွင် ဆင်ခြင် လုပ်ဆောင်ရန် တိုက်တွန်း လှုံ့ဆော်ပါကြောင်း ယခုလ ၂၆ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio