• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အပူပိုင်း လေမုန်တိုင်း တိုက်ခတ်မှု ဖြစ်ပွါးသည့် ဖိလစ်ပိုင်အား ကူညီလိုဟု တရုတ် ဆို

(GMT+08:00) 2017-12-27 09:56:39

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က၊ ဖိလစ်ပိုင်နိုင်ငံ၌ အပူပိုင်း လေမုန်တိုင်း ဖြစ်ပွါးသဖြင့် လူများစွာ သေကြေဒဏ်ရာ ရရှိသည့် အပြင် ဓနဥစ္စာ နစ်နာဆုံးရှုံးမှုလည်း ပြင်းထန် ဆိုးရွားစွာ ဖြစ်ပွါးခဲ့ကြောင်း၊ ယင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖိလစ်ပိုင် သမ္မတအား နှစ်သိမ့် သဝဏ်လွှာကို ပေးပိုခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ဖိလစ်ပိုင်၏ ဘေးကယ်ဆယ်ရေး အတွက် မိမိ တတ်စွမ်းသ၍ ထောက်ပံ့ကူညီမှု ပေးလိုပါကြောင်း ယခုလ ၂၆ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

   Webradio