• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမအကြိမ်မြောက် ကုလ ကမ္ဘာ့ပ​ထ​ဝီ​သတင်းအချက်အလက်များညီလာခံ ကျင်းပမည်

(GMT+08:00) 2017-12-26 13:08:58

       ပထမအကြိမ်မြောက် ကုလသမဂ္ဂ ကမ္ဘာ့ပထဝီသတင်းအချက်အလက်များညီလာခံကို လာမည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် တရုတ်ပြည် ကျဲ့ကျန်းပြည်နယ် ဒယ်ချင်းခရိုင်၌ ကျင်းပမည် ဖြစ်ကြောင်း ယခုလ ၂၅ ရက်နေ့က ပီကင်းတွင် ကျင်းပသည့် ပထမ အကြိမ်မြောက်ကုလသမဂ္ဂ ကမ္ဘာ့ပထဝီ သတင်းအချက်အလက်များညီလာခံ ညွှန်ကြားရေး ကော်မရှင်ပထမအကြိမ်အစည်းအဝေးမှ သတင်းကို ကိုကား၍ ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် လျူကျင့်မင်က၊ ယခုအကြိမ် ညီလာခံတွင် ကမ္ဘာ့တိုင်းတာရေး ပထဝီအချက်အလက်ရေးရာနယ်ပယ်မှ ရှရှိသည့်တိုးတက်မှုသစ်များကို ပြသမည်ဖြစ်ရုံသာမက၊ အနာဂတ်ဖွံ့ဖြိုးရေးအခြေအနေကို ရှုမျှော်သွားမည်ဖြစ်ပြီး၊ ကမ္ဘာ တစ်ရပ်လုံးရင်ဆိုင်နေရသော စိတ်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံအသီးသီးတို့မှ ကမ်းလှမ်းချက်များကို တင်ပြကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။

 

   Webradio