• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ခုနှစ်တွင် ဟောင်ကောင်ဒေသ၏ခရီးသွားလုပ်ငန်းပြန်လည်တိုးတက်

(GMT+08:00) 2017-12-25 16:50:08

တရုတ်နိုင်ငံဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အစိုးရနိုင်ငံရေးရာဦးစီးဌါန ညွှန်ကြားရေးမှူးချုပ် ကျန်းကျန့်ဇွန်းက ယခုလ၂၄ရက်နေ့က အင်တာနက်ပေါ်တွင် ဆောင်းပါးထုတ်ပြန်ရာတွင် ခရီးသွားလုပ်ငန်သည် ဟောင်ကောင်ဒေသ၏ ကျောရိုးမဏ္ဍိုင်လုပ်ငန်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း ဟောင်ကောင် အစိုးရသည် တိုးတက်ပြီး ဟောင်ကောင်ဒေသကို နိုင်ငံတကာခရီးသွား ဗဟိုချက်မနေရာဖြစ်လာအောင် သက်ဆိုင်ရာ လေ့ကျင့်ပျိုးထောင်ရေး လုပ်ငန်းဌါနများ၊ ခရီးသွားလုပ်ငန်းနှင့် အခြားသက်ဆိုင်ရာလုပ်ငန်းများအကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တွန်းအားပေးမည်ဖြစ်ကြောင်း ရေးသားထုတ်ပြန်ခဲ့ သည်ဟု ဆင်ဟွာ သတင်းအရသိရပါသည်။

ပဏာမစာရင်းအရ ယခုနှစ်ပထမ၁၁လအတွင် ဟောင်ကောင်ဒေသသို့ သွားရောက်သော ခရီးသည်ဦးရေစုစုပေါင် ၅၂ဂသိန်းကျော်ရှိ ၂၀၁၆ခုနှစ် အလားတူအချိနပိုင်း ထက် ၃ရာခိုင်နှုန်းတိုးလာကြောင်း သတင်းရရှိပါသည်။

   Webradio