• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ခုနှစ်တွင် ဟောင်ကောင်ဒေသ၏ခရီးသွားလုပ်ငန်းသည် တိုးတက်အားပြန်ရ

(GMT+08:00) 2017-12-25 11:07:12

 တရုတ်ပြည်ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ နိုင်ငံရေးရာဦးစီးဌါနမှူး ကျန်းကျန့်ဇွန်းက ယခုလ၂၄ရက်နေ့က အင်တာနက်ပေါ်တွင် ဆောင်းပါးထုတ်ပြန်ရာတွင် ခရီးသွားလုပ်ငန်သည် ဟောင်ကောင်ဒေသ၏ အရေးကြီးသော အမာခံလုပ်ငန်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း ဟောင်ကောင်အစိုးရသည် ခရီးသွားလုပ်ငန်းတစ်ခုလုံးဖွံ့ဖြိုး တိုးတက်ပြီး ဟောင်ကောင်ဒေသကို နိုင်ငံတကာခရီးသွား ဗဟိုချက်မမြို့ဖြစ်စေရန် သက်ဆိုင်ရာ လေ့ကျင့်ပျိုးထောင်ရေး လုပ်ငန်းဌါနများ၊ ခရီးသွားလုပ်ငန်းလောကနှင့် သက်ဆိုင်ရာလုပ်ငန်းဌါနများအကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တွန်းအားပေးမည်ဖြစ်ကြောင်းရေးသားထုတ်ဖော်ခဲ့သည်ဟု ဆင်ဟွာ သတင်းအရသိရပါသည်။

ပဏာမစာရင်းဇယားအရ ယခုနှစ်ပထမ၁၁လအတွင် ဟောင်ကောင်ဒေသသို့ သွားရောက်သော ခရီးသည်ဦးရေစုစုပေါင် ၅၂.၈၈သန်းဖြစ်ပြီး ၂၀၁၆ခုနှစ်အလားတူအချိန် ကာလကထက် ၃ရာခိုင်နှုန်းတိုးလာကြောင်း သတင်းရရှိပါသည်။

   Webradio