• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် စီးပွါးရေး အရည်အသွေးမြင့်မားစွာ တိုးတက်ရေး အကြောင်း စီးပွါးရေး ပညာရှင်များ သုံးသပ်

(GMT+08:00) 2017-12-25 10:30:24

မကြာမီက ပီကင်း၌ ကျင်းပသော "ခေတ်သစ်၊ စီးပွါးရေးသစ်" ဆောင်ပုဒ်အဖြစ် ထားသော ဖိုရမ် တစ်ခုတွင် နာမည်ကြီး စီးပွါးရေး ပညာရှင်နှင့် အရာရှိများက၊ အနာဂတ်တွင် တရုတ်နိုင်ငံသည် ဂျီဒီပီ တိုးတက်နှုန်းကို သော့ချက် အဖြစ် ဆက်လက် ထားမည် မဟုတ်ဘဲ ဖွံ့ဖြိုးရေး အသွင်ပုံစံကို ပြောင်းလဲခြင်း၊ စီးပွါးရေး ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး စွမ်းအားကို ပြုပြင်ပြောင်းလဲခြင်း စသည့် နည်းလမ်းများဖြင့် စီးပွါးရေး အရည်အသွေး မြင့်များစွာ တိုးတက်ရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း သုံးသပ်ကြပါသည်။

တရုတ် နိုင်ငံတော် စာရင်းအင်း ဦးစီးဌာနမှ ထိပ်တန်း စီးပွါးရေး ပညာရှင် ရှင့်ယွင့်လိုင်က၊ နိုင်ငံတော်စာရင်းအင်းဦးစီးဌာနသည် ရှုထောင့်သစ်မှ ရပ်တည်ပြီး တရုတ်ပြည် အရည်အသွေး မြင့်မားစွာ တိုးတက်ရေးအတွက် ပိုမိုများပြားသော ကိန်းညွှန်များ ချမှတ်ပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio