• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ပြည်သူ့ကျန်းမာရေး အခွင့်အရေး အာမခံပေးမှုကို တိုးမြှင့်မည်

(GMT+08:00) 2017-12-23 09:17:54

 တရုတ်နိုင်ငံ အခြေခံ ဆေးဝါးကုသရေးနှင့် ကျန်းမာရေး တိုးမြှင့်မှု ဥပဒေ မူကြမ်းကို ၁၂ ကြိမ်မြောက် ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ ၃၁ အကြိမ် အစည်းအဝေး၌ စိစစ်ရန် ယခုလ ၂၂ ရက်နေ့က တင်သွင်းခဲ့ကြောင်း သတင်း ရရှိပါသည်။

    ယင်းဥပဒေ မူကြမ်းတွင် ပထမဆုံးအကြိမ်အဖြစ် ဥပေဒအရ ကျန်းမာရေးသည် အခြေခံ အခွင့်အရေး ဖြစ်သည်ဟု တင်ပြထားပြီး နိုင်ငံနှင့် ရပ်ရွာတို့သည် ဥပဒေနှင့်အညီ နိုင်ငံသားများ၏ ကျန်းမာရေး အခွင့်အရေးကို လေးစား ထိန်းသိမ်းကာကွယ်ရသည်ဟု ရှင်းလင်းပြတ်သားစွာ ရေးသားဖေါ်ပြထားကြောင်း သိရပါသည်။

   Webradio