• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်သည် ၂၀၁၈ ခုနှစ် လုပ်ငန်းများ စီမံ

(GMT+08:00) 2017-12-23 09:02:59

တရုတ် ပြည်လုံးဆိုင်ရာ ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း အစည်းအဝေးကို ယခုလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ပီကင်း၌ ကျင်းပခဲ့ပြီး ၂၀၁၈ ခုနှစ် အဓိက လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲထားကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဥက္ကဋ္ဌ ဟိုလိဖုန်းက၊ ကုန်ထုတ်လုပ်မှု ပြုပြင်ပြောင်းလဲရေးနှင့် အဆင့်မြှင့်တင်ရေးကို ပထမ ဦးစွာ တွန်းအားပေးရမည် ဖြစ်ပြီး ကုန်ပစ္စည်း အရည်အသွေးနှင့် ကုန်ထုတ်လုပ်မှု အကျိုးဖြစ်ထွန်းမှုကို တိုးမြှင့်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio