• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဗဟိုစီးပွားရေးလုပ်ငန်းအစည်းအဝေး ပီကင်းတွင် ကျင်းပ

(GMT+08:00) 2017-12-21 14:36:36

      တရုတ်ဗဟိုစီးပွားရေးလုပ်ငန်းအစည်းအဝေးကို ယခုလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ အထိ၊ ပီကင်းတွင် ကျင်းပခဲ့သည်။ တရုတ်ကွန်ုမြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ အစည်းအဝေး၌ ၁၈ ကြိမ်မြောက် တရုတ်ကွမ်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ် များညီလာခံကျင်းပပြီးနောက်တွင် တရုတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကို ပေါင်းရုံးသုံးသပ်ခဲ့ရုံသာမက လက်ရှိစီးပွားရေးအခြေအနေကို ရှင်းလင်းပြောကြားကာ၊ ၂၀၁၈ခုနှစ် အတွင်း တရုတ်စီးပွားရေးလုပ်ငန်းများကိုလည်း စီမံခန့်ခွဲခဲ့သည်ဟု စီအာအိုင်က ဖော်ပြသည်။

ယခုလ ၈ရက်နေ့က ကျင်းပသည့် တရုတ်ကွန်ုမြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေး  ဦးဆောင်အဖွဲ့ အစည်းအဝေးတွင် ၂၀၁၈ခုနှစ် တရုတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ကို သိသာထင်ရှားစွာ ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယခုအကြိမ်ဗဟိုစီးပွားရေးလုပ်ငန်း အစည်းအဝေးတွင်မူ အသေးစိတ်လုပ်ငန်းအစီအစဉ်များကို စီမံခန့်ခွဲခြင်းဖြစ်သည်။

တရုတ် နိုင်ငံတကာစီးပွားရေး ကူးလူးဖလှယ်မှုစင်တာ ထိပ်တန်းသုတေသီ ကျန်းယန့်စိန်းက ယခုအကြိမ်ဗဟိုစီးပွားရေးလုပ်ငန်းအစည်းအဝေးတွင် တည်ငြိမ်စွာ ဖွ့ဖြိုးရေးဟူ၍ လုပ်ငန်းအခြေခံအနှစ်သာရကို ထပ်လောင်းအလေးထားဖော်ပြခဲ့ကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ်အစည်းအဝေးတွင် အရေအသွေးကောင်းစွာဖြင့် တိုးတက်ဖွံ့ဖြိုးမှု တွန်းအားပေးခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းစဉ်များကို သေးချာစွာ ရေးဆွဲချတ်မှတ်ခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio