• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ကာဗွန်ဓါတ်ငွေ့ ထုတ်လွှတ်မှု ဈေးကွက် စနစ် စတင် ကျင့်သုံး

(GMT+08:00) 2017-12-20 09:46:33

၎ နှစ်ကြာ စမ်းသပ် လုပ်ဆောင်ခဲ့ပြီးနောက် ယခုလ ၁၉ ရက်နေ့က တရုတ်ပြည် ကာဗွန်ဓါတ်ငွေ့ ထုတ်လွှတ်မှု ဈေးကွက်စနစ်ကို တရားဝင် စတင် ကျင့်သုံးပြီ ဖြစ်ကြောင်း၊ သို့ဖြစ်၍ တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂကို ကျော်လွန်ပြီး တစ်ကမ္ဘာလုံးတွင် အကြီးဆုံး ကာဗွန်ဓါတ်ငွေ့ ထုတ်လုပ်မှု လျှော့ချရေးဆိုင်ရာ ဈေးကွက် ဖြစ်လာပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

တရုတ်နိုင်ငံသည် ဈေးကွက် စနစ်များဖြင့် မှန်လုံအိမ် ဓါတ်ငွေ့ ထုတ်လွှတ်မှုကို ထိန်းချုပ်၊ လျှော့ချရန် အတွက် တစ်ပြည်လုံး၌ ကာဗွန်ဓါတ်ငွေ့ ထုတ်လွှတ်ခွင့် ရောင်းဝယ်ရေး ဈေးကွက်ကို တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု လုပ်ငန်းနယ်ပယ်တွင် ယင်းစနစ်ကို စတင် ဖေါ်ဆောင်မည် ဖြစ်ပြီး အနာဂတ်တွင် လျှပ်စစ်ဓါတ်အားပေး လုပ်ငန်းကုမ္ပဏီ ၁၇၀၀ ကျော်တွင် ယင်းစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးသွားမည် ဖြစ်ကြောင်း သိရပါသည်။

   Webradio