• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ၂၀၁၈ ခုနှစ် စီးပွါးရေး လုပ်ငန်း အခြေခံမူကို ချမှတ်

(GMT+08:00) 2017-12-19 09:04:48

မကြာမီက ကျင်းပခဲ့သော တရုတ်ဗဟို နိုင်ငံရေးဦးဆောင်အဖွဲ့ လုပ်ငန်း အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် စီးပွါးရေးလုပ်ငန်း၏ အခြေခံမူကို အခြေခံအားဖြင့် ချမှတ် ခဲ့ပြီ ဖြစ်ကြောင်း၊ လာမည့်နှစ်တွင် မက္ကရိုစီးပွါးရေး ညီမျှစွာ တိုးတက်လာအောင် ထိန်းချုပ် ဆောင်ရွက်မည် ဖြစ်ပြီး စီးပွါးရေးဆိုင်ရာ အန္တရာယ်များကို ကြိုတင်ကာကွယ်ရေးကိုလည်း အားဖြည့်မည် ဖြစ်ကြောင်း၊ ငွေကြေး ဝန်ဆောင်မှုစွမ်းအားကို တိုးမြှင့်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

တရုတ် ဘဏ်လုပ်ငန်း ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ကိုရှူချင်က၊ အနာဂတ်တွင် ဘဏ်များသည် စီးပွါးရေးအုပ်စုများအား ဝန်ဆောင်မှုပေးရေးကို ဦးစားပေး ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အများပြည်သူ့ အကျိုးဆောင်လုပ်ငန်း၊ အသေးစား လုပ်ငန်းကုမ္ပဏီများ၊ ကျေးလက်နှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ဆင်းရဲမှု လျှော့ချရေး လုပ်ငန်း စသည့် နယ်ပယ်များမှ ငွေရင်း ထောက်ပံ့မှုကို အဓိကထား ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေး၊ တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ်ရေး အပါအဝင် အများပြည်သူ့ အကျိုးဆောင်လုပ်ငန်းကို ဆက်လက် ထောက်ခံသွားမည် ဖြစ်ကြောင်း မကြာမီက ပြောကြားပါသည်။

   Webradio