• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၃ကြိမ်မြောက် ပီကင်း-တိုကျို ဖိုရမ် ကျင်းပ

(GMT+08:00) 2017-12-17 15:50:05

ယခုလ ၁၆ ရက်နေ့က တရုတ်နိုင်ငံတကာပုံနှိပ်ထုတ်ဝေရေးအဖွဲ့နှင့် ဂျပန် NPO အဖွဲ့ တို့မှ အတူဦးစီးကျင်းပသည့် ပီကင်း-တိုကျိုဖိုရမ်ကို ပီကင်းတွင် ဖွင့်လှစ်ခဲ့ရာ၊ တရုတ်နိုင်ငံ တော်ကောင်စီ သတင်းပြန်ကြားရေးရုံးဥက္ကဋ္ဌ ကျန်ကျန့်ကို၊ နိုင်ငံခြားရေးဝန်ကြီး လက်ထောက် ခုန်ရွမ်ယို၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Fukuda Yasuo၊ တရုတ်ပြည် ဆိုင်ရာ ဂျပန်သံအမတ်ကြီးYokoi Yutaka အပါအဝင်ဧည့်သည်များတက်ရောက် မိန့်ခွန်း ပြောကြားခဲ့ကြကြောင်း စီအာအိုင်ကဖော်ပြသည်။

ယခုအကြိမ်ဖိုရမ်တွင်၊ တက်ရောက်သူများအနေနှင့်၊ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု၊ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံမှုအာမခံပေးရေး၊ မီဒီယာများ တာဝန် ဝတ္တရားနှင့် အစိုးချင်း မဟုတ်သောကူးလူးဖလှယ်မှုများနှင့် စပ်လျဉ်း၍ တိုင်ပင်ဆွေးနွေး ခဲ့ကြသည်ဟု သတင်းအရသိရသည်။

 

   Webradio