• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည်၊ ဦးကျော်တင်နှင့် တွေ့ဆုံ

(GMT+08:00) 2017-12-16 11:11:38

     တရုတ်ပြည်ယူနန်ပြည်နယ် တာ့လီမြို့၌ ကျင်းပသည့် လန်ချမ်-မဲခေါင်မြစ် ပူးပေါင်း ဆောင်ရွက်မှု တိတယအကြိမ်မြောက်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည်၊ ယခုလ ၁၅ ရက်နေ့က မြန်မာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေး ဒု ဝန်ကြီး ဦးကျော်တင်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌၊ ဝမ်ယိက၊ လက်ရှိအခြေအနေတွင် တရုတ်နှင့် မြန်မာတို့ အနေနှင့်၊ အဆင့်မြင့် ခေါင်းဆောင်များအကြားအပြန်အလှန်ခရီးလှည့်လည်ရေးကို ထားရှိပြီး၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းပြုလုပ်ကာ၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ပြဿနာများအပေါ် မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ် ကြသင့်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio