• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပိုမိုလှပတဲ့ကမ္ဘာကြီးတည်ဆောက်ဖို့လက်တွဲစို့

(GMT+08:00) 2017-12-15 17:46:08

တရုတ်ကွန်မြူနစ်ပါတီ နှင့် ကမ္ဘာ့ထိပ်သီးနိုင်ငံရေး အကြီးအကဲများ တွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးဖြစ်သူ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌရှီကျင့်ဖိန် ၏ ဆွေးနွေးပြောကြားချက်များ

(၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်၊ ဘေကျင်းမြို့)

လေးစားအပ်ပါသောနိုင်ငံအသီးသီးမှ နိုင်ငံရေးပါတီ အကြီးအကဲများ၊ Ladies and Gentlemen မိတ်ဆွေများ ခင်ဗျာ၊

အားလုံးမင်္ဂလာညနေခင်းပါ၊ ဒီနေ့ကမ္ဘာ့နိုင်ငံအသီးသီးမှ လာရောက်တဲ့နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့်အတူ တရုတ်ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့ထိပ်သီးနိုင်ငံရေး အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခွင့်ရသဖြင့် ကျွန်တော် အလွန်ဝမ်းမြောက်မိပါတယ်။ နှစ်ကုန်ချိန် အားလုံးပဲ မအားလပ်သော်လည်း တန်ဖိုးရှိလှသည့် အချိန်ကိုပေးကာ ဘေကျင်းတွင်အတူတကွ တွေ့ဆုံ၊အတူတကွ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို ဆွေးနွေးတိုင်ပင်မှုက အားလုံးဟာ လူသားဖွံ့ဖြိုးမှုနှင့် ကမ္ဘာကြီး၏ရှေ့ရေးအပေါ် ထားရှိတဲ့ အလေးထားမှုကို ပြသတာပဲဖြစ်ပါတယ်။  

ဒီနေရာမှာ ကျွန်တော်က တရုတ်ကွန်မြူနစ်ပါတီကိုယ်စားပြီး မိမိကိုယ်တိုင်အမည်ဖြင့် အဝေးမှ လာ ရောက်ကြသည့် နိုင်ငံတကာမှ မိတ်ဆွေများကို လှိုက်လှိုက်လှဲလှဲကြိုဆိုပါကြောင်း ပြောကြားအပ်ပါသည်။ ၁၉ ကြိမ်မြောက်တရုတ်ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ ကျင်းပချိန်တွင် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးအဖွဲ့အစည်းများမှအကြီးအကဲများက ဖုန်းဖြင့်အသီးသီးဂုဏ်ပြုစကားပြောကြားခဲ့ကြပါသည်။ ကျွန်တော် ယနေ့အခွင့်အရေးကိုအသုံးချပြီး အားလုံးကိုလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်း ပြောကြား လိုပါသည်။

၁၉ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံမှ တရုတ်နိုင်ငံသည် ယခုမှ ၂၁ ရာစုအလယ်ထိ ဖွံ့ဖြိုးမှုအသေးစိတ်အစီအစဉ်ကို ရေးဆွဲနိုင်ခဲ့ပါသည်။ တရုတ်ဖက်မှ အားလုံးနှင့် လူသားကံကြမ္မာအသိုက်အဝန်းကို လှုံ့ဆော်တည်ဆောက်ရန် ဆန္ဒအမှန်ကိုကြေညာခဲ့ပါသည်။ နိုင်ငံရေးပါတီသည် အမျိုးသားနိုင်ငံရေးလမ်းကြောင်းတွင် အရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်နေပါသည့်အပြင် လူ့ယဉ်ကျေးမှုတိုးမြင့်ရန်အတွက်လည်း အရေးပါသည့် အင်အားလည်းဖြစ်ပါသည်။ ယခုတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာသည့် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအဖွဲ့အစည်းအကြီးအကဲများနှင့်အတူ ကျွန်တော်တို့၏အတွေ့အကြုံများကို မျှဝေရန်ဆန္ဒရှိပါသည်။

Ladies and Gentlemen မိတ်ဆွေများ ခင်ဗျာ၊

ရှေးယခင်မှစ၍ ပျော်ရွင်ချမ်းမြေ့ပြီးသာယာလှပသည့် လူနေမှုဘဝကိုရရှိရေးဟာ လူသားတိုင်း၏ ဆန္ဒပဲဖြစ်သည်။ နှစ်ပေါင်းထောင်ပေါင်းများစွာသော ယဉ်ကျေးမှုသမိုင်းမှာ လူသားတွေဟာ အားရကျေနပ်ဖွယ်ကောင်းတဲ့ ယဉ်ကျေးမှုရလဒ်တွေကို ဖန်တီးနိုင်ခဲ့ပါသည်။ သို့သော်စစ်ပွဲများနှင့် ပဋိပက္ခများကအမြဲ မပြတ်ရှိနေပြီး သဘာဝအန္တရာယ်အမျိုးမျိုး၊ ကူးစက်ရောဂါတို့ကြောင့် လူသားတို့သမိုင်းမှာ မရေမတွက်နိုင်သည့် ဆင်းရဲပင်ပန်းမှုတွေ ခံစားခဲ့ရပြီး ကြောက်မက်ဖွယ်ပေးဆပ်ခဲ့ရပါသည်။ ယနေ့ခေတ်တွင် အင်တာ နက်ကွန်ရက် ၊Big Data ၊ Cloud Computing ၊ကွမ်တန်ဂြိုလ်တု၊ AIတို့ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ခဲ့မှုဟာ လူသားတို့၏လူနေမှုဘဝမှာ တစ်ခါမှမကြုံဖူးခဲ့သလို လူသားတို့ ရင်ဆိုင်နေရသည့် တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာများပြားမှု၊ ကျယ်ဝန်းမှု၊နက်နဲမှုတွေဟာလည်း တစ်ခါမှ မတွေကြုံခဲ့ဖူး ဖြစ်သည်။ ထို့အတူ ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများ၏ကံကြမ္မာဟာလည်း ပို၍ပို၍နီးကပ်စွာဆက် နွယ်လာခဲ့သည်။

ယခုလိုအခြေအနေမျိုးနှင့် ရင်ဆိုင်ရချိန်တွင် လူသားတို့အတွက် ရွေးချယ်စရာနှစ်မျိုးရှိလာခဲ့သည်။ တစ်မျိုးမှာ လူသားတို့ အနေဖြင့် အာဏာအကျိုးအမြတ်အတွက် ဆိုးရွားစွာ လုယူယှဉ်ပြိုင်ပြီးစစ်ပွဲတွေ ဖြစ်ပေါ်လာမည်ဆိုလျှင် ကပ်ဘေးကဲ့သို့ အန္တရာယ်တွေဖြစ်ပေါ်လာနိုင်သည့် အခြေအနေနှင့်  နောက်တစ်မျိုးမှာ လူသားတို့အနေဖြင့် ဖွံ့ဖြိုးတိုးတက်လာသည့် ခေတ်ရေစီးကြောင်းမှ စိန်ခေါ်မှုမျိုးစုံကို စိတ်တူကိုယ်တူ အတူတကွရင်ဆိုင်ပြီး တစ်ကမ္ဘာလုံးနှင့် လက်တွဲပါဝင်ကာ လူသားကံကြမ္မာအသိုက်အဝန်းကို ဖန်တီးခွင့်အခြေအနေတို့ဖြစ်သည်။

ကျွန်တော်တို့အနေဖြင့် သမိုင်းတွင်တွေ့ကြုံခဲ့သည်များကို အမိအရဆုပ်ကိုင်ပြီးမှန်ကန်တဲ့ ဆုံးဖြတ် ချက်ကို ချမှတ်ကာ လူသားတို့အတွက် ပိုမိုလင်းလက်တဲ့အနာဂတ်ကို အတူတကွဖန်တီးရမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ရှည်လျားတဲ့သမိုင်းကြောင်းတွေနဲ့ လင်းလက်တောက်ပနေတဲ့ယဉ်ကျေးမှုတွေကို ပိုင်ဆိုင်ထားပါတယ်။ သို့သော် ယခုခေတ်ကာလသစ်တွင် အခက်အခဲအမျိုးမျိုးကို တွေ့ကြုံခဲ့ရပါတယ်။ တရုတ်ပြည်သူများဟာ ကံကြမ္မာကိုအရှုံးမပေးပဲ ပြန်လည်တွန်းလှန်ခဲ့ပါတယ်။ မလျော့သောဇွဲနှင့်ကာလကြာရှည်စွာကြိုးပမ်းမှု များကြောင့် ယနေ့တရုတ်နိုင်ငံ၏ ကြီးကျယ်ခမ်းနားတဲ့ပြန်လည်တည်ထောင်ရေးလမ်းစဉ်ကို ဖော်ဆောင် နိုင်ခဲ့တာဖြစ်ပါတယ်။ သမိုင်းကို ပြန်လည်ကြည့်မည်ဆိုလျှင် ကျွန်တော်တို့ကိုယနေ့ထိရောက်အောင်အား ပေးထောက်ပံ့ပေးတဲ့ တရုတ်ယဉ်ကျေးမှုကိုနှစ် ၅၀ဝ၀ကျော်အထိ ထိန်းသိမ်းပေးတဲ့အရာကတော့ တရုတ်လူမျိုးတွေရဲ့ကိုယ်တွင်းမှာ အနက်ရှိုင်းဆုံးစီးဆင်းနေတဲ့ ယဉ်ကျေးမှုမျိုးရိုးဗီဇပဲ ဖြစ်ပါတယ်။ တရုတ်လူမျိုးတွေဟာ "တစ်ကမ္ဘာလုံးဟာတစ်အိမ်သား" ဆိုတဲ့အဓိပ္ပာယ်ကို နှစ်သက်ပါတယ်။ တစ်သွေးတစ်သားတည်း၊ တိုင်းပြည်များနှင့် ချစ်ကြည်ရင်းနှီး၊ တစ်လောကလုံးတစ်သားတည်းဟူသည့် အတွေးအခေါ်ကို အားပေးပါတယ်။ "တစ်လမ်းတည်းသွား၊ တစ်လောကလုံးတရားမျှတ"သည့် လှပသည့် အနာဂတ် ကမ္ဘာကိုမျှော်လင့်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးဟာ မည်သို့ပင်အမြင်မတူပဲ ပဋိပက္ခတွေရှိနေပါစေ။ အားလုံးဟာ ကောင်းကင်ကြီးတစ်ခုတည်းအောက်မှာ အသက်ရှင်နေထိုင်ကြပြီး တူညီတဲ့ အိမ်ရှိသည့်အတွက် တစ်အိမ်တည်းသားတွေဟု ကျွန်တော်တို့ယူဆပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများဟာ "တစ်ကမ္ဘာလုံး ဟာတစ်အိမ်သား" ဟူသည့်အတွေးဖြင့် လက်ကမ်းကြိုဆိုကာ အချင်းချင်းနားလည်မှုပေးပြီး တူညီသည့်အချက်အလက်များကို ရှာဖွေပြီး လူသားကံကြမ္မာအသိုက်အဝန်းအတွက် အတူတကွကြိုးပမ်းသင့်ပါသည်။

၂၀၁၃ခုနှစ်က ကျွန်တော်ပထမဦးဆုံးအကြိမ် လူသားကံကြမ္မာအသိုက်အဝန်းကို အကြံပြုချိန်တွင် တရုတ်နှင့်ကမ္ဘာ့နိုင်ငံအသီးသီးက ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုတွေ အဆက်မပြတ် ဖော်ဆောင်နေတာကို ကျွန်တော်ဝမ်းမြောက်ဝမ်းသာတွေ့ရပါတယ်။ လူသားကံကြမ္မာအသိုက်အဝန်း စိတ်ကူးကိုလူများက ပိုမိုပြီးအားပေးထောက်ခံလာခဲ့ပါတယ်။ ဒီအကြံပြုချက်ကစိတ်ကူးကနေ လက်တွေ့ကို ပြောင်းလဲနိုင်ခဲ့ပါတယ်။

ကျွန်တော် "Belt and Road" အဆိုပြုချက်ကို တင်ပြခြင်းဟာ လူသား ကံကြမ္မာအသိုက်အဝန်း စိတ်ကူးကို အကောင်အထည်ဖော်ရန်ဖြစ်ပါသည်။ ၄ နှစ်အတွင်း "Belt and Road" ကိုအတူတကွတည်ဆောက်ခြင်းဟာ နိုင်ငံအသီးသီးမှအတူတကွ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သည့် ပလက်ဖောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ မြစ်ချောင်းလေးတွေ အများကြီး စုပေါင်းပြီး ပင်လယ်ဖြစ်လာသလို ကြယ်လေးတွေ အလင်းတဖြိုးဖြိုးတဖျပ်ဖျပ်စုပေါင်းကာ နဂါးငွေ့တန်းဖြစ်ပေါ်လာခဲ့ပါတယ်။ နိုင်ငံအသီးသီးမှလူသားကံကြမ္မာအသိုက်အဝန်း ဖော်ဆောင်မည့်စိတ်ကူးရှိပြီး အတူတကွအစီအစဉ်ရေးဆွဲ အတူတကွလာရောက်ဖော်ဆောင်၊ တဖြည်းဖြည်းချင်း ကြိုးပမ်းအားထုတ်ပြီး နေ့စဉ်နှင့်အမျှ ကြိုးပမ်းအားထုတ်ပါက လူသားကံကြမ္မာအသိုက်အဝန်းသည် တကယ့်ကိုအကောင်အထည်ဖော်နိုင်မှာ သေချာတယ်လို့ ကျွန်တော်ယုံကြည်ပါသည်။

Ladies and Gentlemen မိတ်ဆွေများ ခင်ဗျာ၊

လူသားကံကြမ္မာအသိုက်အဝန်းဟာ သူ၏နာမည်နည်းတူတိုင်းရင်းသားအားလုံး၊ နိုင်ငံများအားလုံး၏ ရှေ့ရေးကံကြမ္မာနဲ့ ခိုင်မြဲစွာ ပတ်သက်နေပါသည်။ တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား အကောင်းအဆိုး  အတူမျှဝေပြီး ကျွန်တော်တို့ မွေးဖွားရာရှင်သန်ရာ ဤကမ္ဘာမြေကြီးကို ငြိမ်းချမ်းသည့် မိသားစုကြီးဖြစ်အောင် ကြိုးပမ်းအားထုတ်သင့်ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးက ပြည်သူများ၏ လှပသည့်အနာဂတ်စိတ်ကူးကို လက်တွေ့ဖြစ်အောင်ပြုလုပ်မည်။

ကျွန်တော်တို့ အတူတကွကြိုးပမ်းကာအန္တရာယ်တွေ ဝေးကွာပြီး တစ်လောကလုံးလုံခြုံသည့် ကမ္ဘာလေးဖြစ် အောင်တည်ဆောက်ရမည်။လူသားယဉ်ကျေးမှုဖွံ့ဖြိုးတိုးတတ်မှုဖြစ်စဉ်အရ နှစ်ထောင်ပေါင်းများစွာတိုင် လူသားတို့မှာ ထာဝရငြိမ်းချမ်းမှုကိုမျှော်လင့်သော်လည်း စစ်ပွဲများဟာ အမြဲဖြစ်ပေါ်လျှက်ရှိသောကြောင့် လူသားတွေမှာ စစ်ပွဲတွေရဲ့ခြိမ်းခြောက်မှုတွေကို အမြဲရင်ဆိုင်နေရသည်။ လူသားအားလုံး ကမ္ဘာကြီးတစ်ခုတည်းမှာ အသက်ရှင်နေထိုင်ကြသည်။ နိုင်ငံတစ်နိုင်ငံ၏ငြိမ်းချမ်းမှုကို အခြားသောနိုင်ငံ၏ငြိမ်းချမ်းမှုအပေါ် တည်ဆောက်လို့မရပါဘူး။ တခြားနိုင်ငံရင်ဆိုင်နေရသည့်ခြိမ်းခြောက်မှုက မိမိတို့နိုင်ငံအတွက် စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်လာနိုင်ပေသည်။ တစ်နေ့တခြားပိုမိုရှုပ်ထွေးလာမှုကို ရင်ဆိုင်လာရပြီး ဘက်ပေါင်းစုံမှ လုံခြုံရေးခြိမ်းခြောက်မှုကို တစ်ဦးတစ်ယောက်တည်းရင်ဆိုင်၍ မရသလိုလက်နက်အင်အားကိုလည်း လိုသည်ထက် ပိုအားကိုး၍မရပါ။ ကျွန်တော်တို့အားလုံး အတူတကွအဘက်ဘက်မှ ပူးပေါင်း ဆောင်ရွက်ပြီး ရေရှည်တည်တံ့ခိုင်မြဲမည့်လုံခြုံမှုရူထောင့်အသစ်ကို ကြိုးပမ်းရပါမည်ဖြစ်သည်။ တရားမျှတပြီး အတူတကွတည်ဆောက်မျှဝေခံစားမည့် လုံခြုံရေးပုံစံကိုတည်ဆောက်ပြီး အတူတကွစစ်ပွဲများ ဖြစ်နိုင်သည့်အကြောင်းအရင်းကို ရှာဖွေနှိမ်နှင်းကာ သေနတ်ဗုံးများကြောင့် ထွက်ပြေးလာသည့်ပြည်သူများကို ကယ်တင်ပြီးစစ်ပွဲမီးများကြောင့် ထိခိုက်ခံစားရသည့် အမျိုးသမီးနှင့် ကလေးငယ်များကိုကာကွယ်ရပါမည်။ ငြိမ်းချမ်းခြင်းဆိုသည့်အလင်းရောင်ဖြင့် ကမ္ဘာမြေကြီးကို ထွန်းလင်းပေးနိုင်ကာ လူသားတိုင်းအတွက် ငြိမ်းချမ်းမှုကိုခံစားစေနိုင်ပါမည်။

ကျွန်တော်တို့ကဆင်းရဲနွမ်းပါးမှုကင်းဝေးပြီး အတူတကွသာယာဝပြောတဲ့ ကမ္ဘာလောကကို အတူတကွကြိုးစားတည်ဆောက်ရမည်ဖြစ်ပါသည်။ယနေ့ခေတ်တွင်လူတို့အသုံးအဆောင်ပစ္စည်းနည်းပညာများမှာ ရှေးလူများမထင်မှတ်ထားလောက်အောင်ပင် ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်သည်။ သို့သော် ဖွံ့ဖြိုးတိုး တက်မှုမညီမျှခြင်းမှာလည်း နေရာအနှံ့မှာ တည်ရှိနေပါတယ်။ တောင်မြောက်ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်မှာလည်း မြင့်မားနေဆဲဖြစ်ပြီး ဆင်းရဲနွမ်းပါးမှုနှင့် ငတ်မွတ်ခေါင်းပါးမှုမှာ လည်းဆိုးရွားဆဲဖြစ်သည်။ ဒစ်ဂျစ်တယ်ခွဲခြားမှုစနစ်သစ်ပေါ်ထွန်းလာပြီး ကမ္ဘာ့ပေါ်ရှိနိုင်ငံတော်တော်များများ၏ ပြည်သူများသည် အခက်အခဲကြားတွင် ရှင်သန်နေရဆဲ ဖြစ်ပါသည်။ အကယ်၍ တစ်ပါးသူရှုံးပြီး မိမိအသာရ၊ အနိုင်ရသူအကုန်ယူ ဆိုသည့် ရှေးစနစ်ကိုသုံးစွဲလျှင်၊ အကယ်၍အချင်းချင်းလိမ်လည်လှည့်ဖျား အိမ်နီးချင်းနိုင်ငံကိုဓားစာခံ အဖြစ်ထားသည့်ရှေးရိုးစွဲနည်းလမ်းကို သုံးခဲ့မည်ဆိုလျှင်သူတစ်ပါး၏အိမ်တံခါးကို ပိတ်ဆို့လိုက်ရုံသာမက မိမိ၏လမ်းကိုလည်းပိတ်လိုက်ခြင်းပင်ဖြစ်သည်။ မိမိ၏ဖွံ့ဖြိုးတိုးတက်မှု အရင်းအမြစ်ကို တိုက်စားသလိုဖြစ်ပြီး လူသားအားလုံး၏ အနာဂတ်ကိုထိခိုက်နစ်နာစေပါသည်။ ကျွန်တော်တို့ဟာမိမိကောင်း၊ သူတစ်ပါကောင်း အားလုံးကောင်းသည့်စိတ်ကူးကိုထားရမည်ဖြစ်ပြီး ပွင့်လင်းမြင်သာ၊အားလုံးပါဝင်၊ ခွဲခြားမှုမရှိ၊ တန်းတူညီမျှဖြစ်၊ အတူတကွအကျိုးရှိသည့် စီးပွားရေးစနစ် ဖြစ်ပေါ်လာအောင်လှုံ့ဆော်ရမှာဖြစ်သည်။ လူသားအားလုံးအတူတကွ ဖွံ့ဖြိုးတိုးတတ်နိုင်သည့် အချက်ကိုဖန်တီးပြီး အတူတကွကမ္ဘာ့နိုင်ငံများအားလုံး ဖွံဖြိုးကြွယ်ဝအောင်လှုံ့ဆော်ပေးပြီး နိုင်ငံအတော်တော်များများရှိပြည်သူများ ရင်ဆိုင်နေရသည့်ဆင်းရဲနွမ်းမှုကို အတူတကွနှိမ်နှင်းပေးပြီး တစ်ကမ္ဘာလုံးရှိကလေးသူငယ်များအတွက် စားသောက်နေထိုင်ရေးတွေးပူမှုမရှိသည့်ဘဝကို တည်ဆောက်ပေးရပါမည်။ ဖွံ့ဖြိုးတိုးတတ်မှုအသီးအပွင့်ကို တစ်ကမ္ဘာလုံးရှိနိုင်ငံများ အသီးသီးကိုပေးအပ်ပြီး လူသားအားလုံးစိတ်ချမ်းမြေ့ဖွယ်ဘဝကို ပိုင်ဆိုင်စေနိုင်မည်ဖြစ်သည်။

ကျွန်တော်တို့ကပိတ်ဆို့တားမြစ်မှုတွေကိုဖယ်ရှားပြီးသိသာမြင်သာပြီးအားလုံးပါဝင်နိုင်သည့်ကမ္ဘာလေးကိုကြိုးစားတည်ဆောက်ရမှာဖြစ်သည်။ တရုတ်နိုင်ငံတွင် ရှေးစကားတစ်ခွန်းရှိသည်။ "အရာအားလုံးအတူ ယှဉ်တွဲပြီးမထိခိုက်စေ ၊ အတူတကွသွားသော်လည်း ပဋိပက္ခမဖြစ်စေ" ဟူ၍ဖြစ်သည်။ ယဉ်ကျေးပြီး ဖွံ့ဖြိုးတိုးတက်သည့်လူသားတို့၏တိုးတတ်မှုမှာ အတူတကွ တူညီမှုများရှာဖွေ ၊ပွင့်လင်းမြင်သာပြီး အားလုံးပါဝင်နိုင်မှု၊ ယဉ်ကျေးစွာဆက်ဆံပြီး အချင်းချင်းလေ့လာအတုယူမှုတွေနဲ့မကင်းကွာနိုင်၊ မတူညီသည့် လူ့ယဉ်ကျေးမှုကို အတူတကွတောက်ပဖို့ သမိုင်းကဖော်ဆောင်ပေး၊ မတူညီတဲ့ယဉ်ကျေးမှုတွေ ဟာသင့်မြတ်စွာ ရှင်သန်ရမှာဖြစ်ပြီး အတူတကွပူးပေါင်းကာလူသားတို့၏ဖွံ့ဖြိုးတိုးတက်မှုအင်အားကို တိုးမြင့်စေရမှာဖြစ်သည်။ ကျွန်တော်တို့၏ကမ္ဘာလောကကြီးမှာ အရောင်အသွေးတွေကြွယ်ဝလှသလို ယဉ်ကျေးမှုမှာလည်း များပြားလှသည်ဆိုသည့်စိတ်ကို ထားရှိရမှာဖြစ်သည်။ လူသားတို့ကို မတူညီသည့်ယဉ်ကျေးမှု အချင်းချင်းဖေးမပေးနိုင်ပြီး၊ လှပပြီးအရောင်အသွေးစုံလင်လှသည့်ပန်းချီ ကားတစ်ချပ်ပေါ် ထွန်းအောင်ဖန်တီးရမည်။ လက်ရှိတွင်ဖြစ်နေသည့် ယဉ်ကျေးမှု အဆင့်အတန်းများကိုဖယ် ရှားပြီးလူသားတို့၏ စိတ်နှလုံးနှင့်အပြန်အလှန်ဖေးမမှုကို အနှောက်အယှက်ပေးနေသည့်စိတ်ကူး အမှားအယွင်းများကို နှိမ်နင်းကာ လူသားအချင်းချင်း အပြန်အလှန်ဆက်နွယ်မှုကို တားဆီးထားသည့် အတွေးအခေါ်များကိုလည်း ထိုးဖောက်ရပါမည်။ မတူညီသည့်ယဉ်ကျေးမှုအားလုံးငြိမ်းချမ်းစွာတည်ရှိပြီး လူသားအားလုံးကိုယဉ်ကျေးမှု၏ အာဟာရကို ခံစားစေမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့အနေဖြင့် တောတောင်ရေမြေစိမ်းလန်းစိုပြေပြီး သန့်ရှင်းလှပသည့်ကမ္ဘာလောကကြီး ကိုကြိုးစားတည်ဆောက်ရမှာဖြစ်သည်။ ကမ္ဘာမြေဟာ လူသားတို့အတူတကွပိုင်ဆိုင်တဲ့ အိမ်ခြံဝန်းတစ်ခု ဖြစ်သလို လက်ရှိအထိ လူသားတို့၏တစ်ခုတည်းသောအိမ်လည်းဖြစ်သည်။ ယခုအချိန်တွင် အာကာသထဲ လူသားတို့အတွက် အိမ်ရာအသစ်ကိုရှာဖွေပေးနေသည့် သူများရှိသော်လည်း လက်ရှိအခြေအနေထိ ဒါဟာ အလွန်ပဲအလှမ်းဝေးလှသည့်အိမ်မက်တစ်ခု ဖြစ်နေသေးသည်။ မြင်နေရသည့်အနာဂတ်ကာလအထိ လူသားအားလုံးဟာ ကမ္ဘာမြေကြီးမှာပဲ အသက်ရှင်နေထိုင်ရဦးမည်ဖြစ်သည်။ ဒီအချက်မှာ ပြောင်းလဲမရတဲ့အမှန် တရားပဲဖြစ်သည်။ ကျွန်တော်တို့ကိုယ်တိုင်အတွက် ကျွန်တော်တို့၏နောင်လာနောင်သားများ အတွက်ကျွန်တော်တို့ အတူတကွကမ္ဘာမြေကိုကာကွယ်ရပါမည်။ ကျွန်တော်တို့အနေဖြင့် လူသားတို့နှင့် သဘာဝအတူတကွ တည်ရှိနေရမည်ဆိုသည့်အချက်ကိုသိရှိထားရပြီး မိမိတို့အသက်ကဲ့သို့ ဂေဟစနစ်သဘာဝ ပတ်ဝန်းကျင်ကို ဆက်ဆံရပါမည်။ သဘာဝတရားကိုလေးစားရိုသေ၊သဘာဝတရားအတိုင်းနေထိုင်၊ သဘာဝ တရားကိုကာကွယ်၊ အစားထိုးမရသည့်ကမ္ဘာမြေကို အတူတကွကာကွယ်ရမှာဖြစ်သည်။ ဂေဟစနစ်ယိုယွင်းပျက်စီးမှုကို အတူတကွပြုပြင်ကာ ငြိမ်းချမ်းသာယာသည့် လူသားတို့အိမ်ကလေးကို တည်ဆောက်ပြီး သဘာဝဂေဟစနစ်ကို အနားယူအားပြန်ဖြည့်စေပြီး လူသားတိုင်းအတွက် တောတောင်ရေမြေစိမ်းလန်းစိုပြေမှုကို ခံစားစေမှာဖြစ်သည်။

Ladies and Gentlemen မိတ်ဆွေများ ခင်ဗျာ၊

လက်ရှိတွင် ကမ္ဘာကြီးရဲ့အခြေအနေကပြောင်းလဲနေပါပြီ။ ဖွံ့ဖြိုးတိုးတတ်မှု အခြေအနေက လည်းပြောင်းလဲနေပါပြီ။ နိုင်ငံရေးပါတီများကလည်း ဖွံ့ဖြိုးတိုးတက်နေသည့်ခေတ်ကြီးရဲ့ခေတ်ရေစီး ကြောင်းကိုလိုက်ပြီး လူသားများတိုးတက်မှုအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး ပြည်သူများအတူတကွ မျှော်လင့်နေမှုကိုလိုက်လျောပြီးမိမိတို့ကိုယ်တိုင်ဖွံ့ဖြိုးမှုကို နိုင်ငံ၊တိုင်းရင်းသား၊လူသားတို့ဖွံ့ဖြိုးမှုနှင့် နက်ရှိုင်းစွာဆက်နွယ်ထားရမည်။ ကျွန်တော်တို့ရည်မှန်းချက် မြင့်မြင့်ထားရမည်။ တာဝန်ယူနိုင်ရမည်၊ နိုင်ငံနှင့်ကမ္ဘာလောကအတွက်၊ အားလုံးနှင့်ရေရှည်အတွက် ထည့်သွင်းစဉ်းစားကာ မိမိအသိစိတ်ဓာတ်ဖြင့်ခေတ်သစ် တာဝန်ကိုထမ်းဆောင်ရမည်။ ကျွန်တော်တို့ကပြည်သူတို့၏ခံစားချက်ကို နက်နက်နဲနဲစဉ်းစားပေးပြီး ပြည်သူတို့၏လိုအပ်ချက်ကို နိုင်ငံရေးပါတီ၏စိတ်ကူး၊အတွေးအခေါ်၊ ရည်ရွယ်ချက် ဖြင့်ပြောင်းလဲပြီး လက်တွေ့နှင့် ကိုက်ညီသည့်နည်းလမ်းများကို သတ်မှတ်ကာအကောင်အထည်ဖော်ရမည်။ လူသားကံကြမ္မာ အသိုက်အဝန်းကို တည်ဆောက်ရာတွင် ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီးမှ ပြည်သူများ အတူတူပါဝင်ရမည်။ ကျွန်တော်တို့ မတူညီသည့်တိုင်းရင်းသားများ၊ ယုံကြည်ကိုးကွယ်မှုများ၊ ယဉ်ကျေးမှုများ၊ မတူညီသည့်ဒေသရှိပြည်သူများ၏ အသိအမြင်များကိုစုစည်းပြီး လူသားကံကြမ္မာအသိုက်အဝန်းကို ဖွဲ့စည်းရန်ကူညီပေးရမည်။

ဤကြီးမားသည့်ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် အဖက်ဖက်မှအသိပညာများနှင့် အားအင်များလိုအပ်ပါသည်။ ကျွန်တော်တို့ ဘက်ပေါင်းစုံ၊အလွှာပေါင်းစုံ၊ ရူထောင့်ပေါင်းစုံမှ အကျိုးရှိသည့်အကြံဥာဏ်များကိုစုစည်းရပါမည်။ ဖော်ဆောင်နေချိန်တွင်အတွေ့အကြုံများကိုစုစည်းပြီး၊ အတွေးအခေါ်များကိုရှာဖွေ၊ အတွေးအခေါ်များကို မြင့်တင်ကာအရှိန်အဟုန်ကို ယူရပါမည်။ မတူညီသည့်နိုင်ငံများမှနိုင်ငံရေးပါတီများနှင့် အပြန်အလှန်ယုံကြည်မှုများတိုးမြင့်ပြီး ပိုမိုဆွေးနွေး တိုင်ပင်မှုပြုလုပ်ကာ ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။ နိုင်ငံတကာ ဆက်ဆံရေး လမ်းစဉ်သစ် ရှာဖွေနေမှုကိုအခြေခံ ကာတူညီသည့်အချက်များကိုရှာဖွေ၊ အပြန်အလှန်လေးစား၊ အပြန်အလှန်သင်ယူအတုယူသည့် နိုင်ငံရေးပါတီဆက်ဆံရေးသစ် ဖြစ်အောင်ပြုလုပ်ရမည်။ နည်းအမျိုးမျိုး၊ အလွှာအမျိုးမျိုးဖြင့် နိုင်ငံတကာ နိုင်ငံရေးပါတီများ ပူးပေါင်းဆောင်ရွက်သည့် ကွန်ရက်ကိုတည်ဆောက်ကာ လူသားကံကြမ္မာအသိုက်အဝန်း ကိုတည်ဆောက်ရန် ကြီးမားသည့်အင်အားကိုစုစည်းရမည်။ အမှုကိစ္စဆိုသည်မှာ လုပ်ဆောင်မှုသာ အကောင်အထည်ပေါ်မည်ဖြစ်ပြီး လမ်းဆိုသည်မှာသွားရောက်မှသာပွင့်လင်းမည်ဖြစ်သည်။ လူသားကံကြမ္မာအသိုက်အဝန်းသည် သမိုင်းမှတ်တမ်းတစ်ခုဖြစ်ပြီး၊ အလွယ်တကူမရရှိနိုင်သလို အခက်အခဲမရှိဆိုသည်မှာလည်း မဖြစ်နိုင်ပါ။ အချိန်ကြာရှည်စွာပေးဆပ်ကြိုးစားရမှာဖြစ်သည်။ လူသားကံကြမ္မာအသိုက်အဝန်းကိုတည်ဆောက်ရာတွင် မလျော့သောဇွဲဖြင့် မပြတ်အားထုတ် ကြိုးပမ်းရမည် ဖြစ်ပြိး လက်တွေ့မှာ ခက်ခဲနက်နဲသည်ဆိုကာ အိမ်မက်ကိုအကောင်အထည်ဖော်ရန် လက်မလျော့သင့်သလို အိမ်မက်နှင့် အလှမ်းဝေးသည်ဆိုပြီးလည်းလက်မလျော့သင့်ပေ။

Ladies and Gentlemen မိတ်ဆွေများ ခင်ဗျာ၊

တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် တရုတ်ပြည်သူများ ချမ်းမြေ့ပျော်ရွှင်ရန်ဖော်ဆောင်နေသည့်ပါတီ တစ်ခု ဖြစ်သလို လူသားတို့၏အကျိုးစီးပွားအတွက် ကြိုးပမ်းနေသည့်ပါတီလည်းဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီဟာကမ္ဘာပေါ်တွင် အကြီးဆုံးပါတီလည်း ဖြစ်ပါတယ်။ ကျွန်တော်ပြောခဲ့ဖူးသလို အဖွဲ့အစည်းကြီးလျှင် ကြီးသလို အကြီးပုံစံရှိရပါမည်။ တရုတ်ကွန်မြူနစ်ပါတီ လုပ်သည့်အရာ အားလုံးသည် တရုတ်ပြည်သူများ၏ သာယာချမ်းမြေ့မှု၊ တရုတ်ပြည်သူများပြန်လည်ထူထောင်မှုနှင့် လူသားများငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှု အတွက်ပဲဖြစ်ပါသည်။ ကျွန်တော်တို့ဟာ မိမိတို့ကိစ္စများကို အရင်ကောင်းအောင်ပြုလုပ်ထားခြင်းဟာ လူသားကံကြမ္မာအသိုက်အဝန်းအတွက် ပေးဆပ်မှု ကြိုးပမ်းအားထုတ်မှု တစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့ဟာ တရုတ်ပြည်ဖွံ့ဖြိုးတိုးတက်မှုကို လှုံ့ဆော်ပြီးကမ္ဘာကြီးကို အခွင့်အလမ်းတွေဖော်ဆောင်ပေးရပါမည်။ မိမိတို့ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုစနစ်ကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ပြီး ကမ္ဘာပေါ်ရှိအခြားသော နိုင်ငံများနှင့်လည်း မျှဝေရပါမည်။ ကျွန်တော်တို့ဟာ"နိုင်ငံခြားမှစနစ်"ကိုလည်း တရုတ်သို့ မထည့်သွင်းသလို "တရုတ်စနစ်"ကိုလည်း တခြားသို့ မတင်သွင်းပါဘူး။ ထို့အပြင်အခြားသော နိုင်ငံများကို တရုတ်နိုင်ငံ၏ ပုံစံအတိုင်း လုပ်ဆောင်ရန်မတိုက်တွန်းပါဘူး။ တရုတ်ကွန်မြူနစ်ပါတီဟာ အောက်ပါအချက်များကို လုပ်ဆောင်ပြီးဖြစ်သည်။

ပထမအချက်- ယခင်အတိုင်းကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်ပြီးဖြစ်သည်။ နှစ်ပေါင်း ၁၀ဝ မတိုင်မီ တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်လူမှုအဖွဲ့အစည်းဆိုးရွားစွာ မတည်ငြိမ်မှုကြားမှ ပေါ်ထွန်းလာခဲ့သည်။ စတင်တည်ထောင်ချိန်တွင် တရုတ်နိုင်ငံ၏ ၁၉ ရာစုမှစတင်လာတဲ့ စစ်ပွဲများနှင့်ပြည်သူများ အေးချမ်းစွာ မနေနိုင်သည့် အခြေအနေကို အဆုံးသတ်ရန်ဖြစ်ပါတယ်။ ၁၉၂၁ခုနှစ်မှ ၁၉၄၉ခုနှစ်ကြား တရုတ်နိုင်ငံငြိမ်းချမ်းပြီး တရုတ်ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် တရုတ်ကွန်မြူနစ်ပါတီမှာ တရုတ်ပြည်သူများနှင့်အတူ ၂၈ နှစ်ကြာသည့် တိုက်ပွဲကိုစတင်ခဲ့ပြီး ပေးဆပ်စတေးမှုများစွာဖြင့် ဆင်နွဲခဲ့ရသည်။ ထို့ကြောင့် တရုတ် ကွန်မြူနစ်ပါတီအနေဖြင့် ငြိမ်ချမ်းမှု၏တန်ဖိုးကိုသိရှိသည့် အလျှောက်ငြိမ်းချမ်းမှုကို ကာကွယ်ထိန်းသိမ်းရန် ဆန္ဒရှိခြင်းဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းပြီး၊ ဖွံဖြိုးတိုးတက်ပြီး၊ ပူးပေါင်းဆောင်ရွက်သည့် အတူတကွအကျိုးဖြစ်ထွန်းမည့် အလံကိုမြှောက် တင်ကာ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို လျှောက်လှမ်းသွားမည်ဖြစ်ပါသည်။ တစ်ကမ္ဘာလုံးနှင့် ဆက်ဆံရေးကိုတည်ဆောက်ပြီး နိုင်ငံတကာအရေးနှင့် ဖြေရှင်းရခက်သည့်အုပ်ချုပ်ရေး ဆိုင်ရာဖြေရှင်းမှုစနစ်များတွင် အင်တိုက်အားတိုက်ပါဝင်သွားမည်ဖြစ်ပါသည်။ လတ်တလောတွင် တရုတ်နိုင်ငံသည်ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင် ၃သိန်း၆သောင်းကို စေလွှတ်ခဲ့ပြီး ဖြစ်သလို ကုလသမဂ္ဂ ငြိမ်ချမ်းရေးလှုပ်ရှားမှု၏ အဓိကကျသည့်စစ်အင်အားနှင့် အရင်းအနှီးထုတ်ပေးသည့် နိုင်ငံအဖြစ်လည်း တည်ရှိနေသည်။ ယခုအချိန်တွင် တရုတ်စစ်သား ၂၅၀ဝ ကျော်မှာ ငြိမ်းချမ်းရေးဖော်ဆောင်သည့် ဧရိယာတွင်ပင်ပန်းဆင်းရဲမှုနှင့်အန္တရာယ်ကိုမမှုပဲ ဒေသ၏ငြိမ်းချမ်း တည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ် လျှက်ရှိသည်။ တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးအုပ်ချုပ်ရေးစနစ် ပြောင်းလဲတည်ဆောက်ခြင်း အင်တိုက်အားတိုက်ပါဝင်ပြီး နိုင်ငံတကာအုပ်ချုပ်ရေး စီးပွားရေးစနစ်များ ပို၍တရားမျှတသည့်ဘက်ကိုဖွံ့ဖြိုးနိုင်ရန်လှုံ့ဆော် နေပါသည်။ တရုတ်နိုင်ငံသည် မည်မျှ ဖွံ့ဖြိုးတိုးတက်ပါစေ မည်သည့်အခါမှ တစ်ဦးတည်းစိုးမိုးသွားမည် မဟုတ်ပါ။ ကျွန်တော်တို့အနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိနိုင်ငံရေးပါတီများနှင့်အတူ ကမ္ဘာ့ငြိမ်းချမ်းမှုတည်ဆောက်သူများ၊ တစ်ကမ္ဘာလုံးဖွံ့ဖြိုးတိုးတက်အောင် ပေးဆပ်သူများ၊ ကောင်းမွန်သည့် စည်းစနစ်များကို ကာကွယ်သူများအဖြစ် ဆောင်ရွက်ရန်အကြုံပြုပါသည်။

ဒုတိယအချက်အနေဖြင့်

ယခင်အတိုင်း ကမ္ဘာကြီးအတူတကွဖွံ့ဖြိုးတိုးတက်မှုအတွက် ပေးဆပ်သွားမည်ဖြစ်ပါသည်။ တရုတ် ကွန်မြူနစ်ပါတီမှာ ပြည်သူတွေကနေ ပေါ်ထွန်းလာခြင်းဖြစ်သလို ပြည်သူတွေကြောင့်ပဲ အင်အား ကြီးလာတာဖြစ်သည်။ ထို့အတူ တရုတ်ပြည်သူတွေအပေါ် နက်ရှိုင်းသည့် သံဃောဇဉ်ရှိသည်။ တရုတ်ပြည်သူများကိုသာမက ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီး၏ပြည်သူများအပေါ်တွင် နက်ရှိုင်းသည့် သံယောဇဉ်ရှိပါသည်။ တရုတ်ပြည်သူများကို အကျိုးဖြစ်ထွန်းအောင်ပြုလုပ်ရန်ဆန္ဒရှိသည်သာမက အခြားသောကမ္ဘာပေါ်ရှိပြည်သူများကို အကျိုးဖြစ်ထွန်းရန်ဖော်ဆောင်ရန် ဆန္ဒရှိပါသည်။ တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် အကျိုးမမျှော်သည့် ကူညီပေးမှု၊ အကြွေးများလျော့ပေါ့ပေးမှုများပြုလုပ်နေသည်မှာ  ကာလအတန်ကြာရှိနေခဲ့ပြီဖြစ်သည်။ ထို့ပြင် နည်းပညာများထောက်ပံ့ပေးမှုများ၊ ကျွမ်းကျင်ဝန်ထမ်းများ ထောက်ပံ့ကူညီပေးမှုများဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စီးပွားရေးဖွံ့ဖြိုးမှုနှင့်ပြည်သူများ လူနေမှုကို ပြောင်းလဲသွားစေသည့် စီမံကိန်းများကိုဖော်ဆောင်နိုင်ခဲ့ပါသည်။ ယနေ့တရုတ်သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများ ၊စီးပွားရေးလုပ်ငန်းရှင်များ၊ နည်းပညာရှင်များ၊ ဆေးဝါးပညာရှင်များ၊ ဆရာဆရာမများ၊ သာမန်ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများမှာ  ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကျယ်ပြန့်သည့် မြေပြင်ဒေသများတွင် ကြိုးပမ်းအားထုတ်လုပ်ကိုင်ပေးလျှက်ရှိ နေဆဲဖြစ်ပါသည်။ ဒေသခံပြည်သူများနှင့် လက်ချင်းချိတ်၊ ပခုံးချင်းတိုက်ကာ ထိုသူတို့၏ ကံကြမ္မာကိုပြုပြင်ပြောင်းလဲ ပေးလျှက်ရှိသည်။ ၁၉ ကြိမ်မြောက်တရုတ်ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ၏ စီစဉ်မှုအရ ၂၀၂၀ ခုနှစ်တွင် တရုတ်တစ်ပြည်လုံးအတိုင်းအတာဖြင့် ကြွယ်ဝသည့်လူ့အဖွဲ့အစည်းဖြစ်အောင် ဖော်ဆောင်သွားမည်။ ၂၀၃၅ ခုနှစ်တွင်တရုတ်နိုင်ငံသည် ခေတ်သစ်ကွန်မြူနစ်စနစ်ကို ဖော်ဆောင်မည် ဖြစ်ပါသည်။ ၂၁ ရာစုအလယ်တွင် တရုတ်နိုင်ငံသည် ကြွယ်ဝချမ်းသာပြီး ယဉ်ကျေးငြိမ်းချမ်းသည့် ခေတ်သစ်အင်အားကြီး နိုင်ငံတစ်ခုဖြစ်လာမည်။ဒီတစ်ချက်မှာ တရုတ်ပြည်သူများကိုအကျိုးဖြစ်ထွန်းစေသည်သာမက တစ်ကမ္ဘာလုံးရှိ နိုင်ငံအသီးသီးမှ ပြည်သူများကိုလည်း အကျိုးဖြစ်ထွန်းစေမည်။ ကျွန်တော်တို့မှာ ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံရေးပါတီများနှင့်အတူ ကမ္ဘာကြီးအတွက် ပိုမိုကောင်းမွန်သည့်ပူးပေါင်းဆောင်ရွက်ရေးအခွင့်အရေးကိုဖော်ဆောင်ပြီး ကမ္ဘာ့နိုင်ငံများနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်ရန်ကြိုးစားလှုံဆော်သွားရမည်။

တတိယအချက်အနေဖြင့်

ယခင်အတိုင်းကမ္ဘာ့ယဉ်ကျေးမှုတွင် အပြန်အလှန်ဆက်နွယ်ပြီး သင်ယူမှုနှင့်အတူ  ပြန်လည် ဖလှယ်ပေးဆပ်သွားမည်။ အခြားသောသူများ၏ အသိပညာများမှာလည်း တန်ဖိုးရှိလှသည်။ တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် ကမ္ဘာ့ပြည်သူများ၏ အမြင်ကိုအလေးထားသည်။ ကမ္ဘာ့နိုင်ငံအသီးသီးကပြည်သူများဖန်တီးထားသည့် ယဉ်ကျေးမှုရလဒ်များကို အတုယူသင်ယူကာ တရုတ်နိုင်ငံတွင် ပေါင်းစပ်အသုံးချပါသည်။ မာ့စ်ဝါဒမှာ တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံရပ်ခြားမှ သင်ယူလာသည့် သိပံ္ပနည်းကျသည့်အတွေးအခေါ်ဖြစ်ပြီး တရုတ်နိုင်ငံ၏ လက်တွေ့အခြေအနေကို ပေါင်းစပ်ကာ မာ့စ်ဝါဒကိုတရုတ်ပုံစံ၊ ခေတ်သစ်ပုံစံ၊ အများပုံစံဖြစ်အောင်လှုံ့ဆောင်ခဲ့သဖြင့် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်များက တရုတ်ပြည်သူများကို အဆက်မပြတ်တိုးတက်စေသည့် သိပ္ပံနည်းကျအတွေးအခေါ်ဖြစ်လာစေပါသည်။ တရုတ်ကွန်မြူနစ်ပါတီကို ပွင့်လင်းမြင်သာသည့်အမြင်၊ သဘောထားကြီးစွာဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှပြည်သူများ၏ ယဉ်ကျေးမှုနှင့် ဖန်တီးမှုကိုလက်ခံကာ ကမ္ဘာ့နိုင်ငံရှိပြည်သူများနှင့်နိုင်ငံအသီးသီးရှိနိုင်ငံရေးပါတီများနှင့်ဆွေးနွေး တိုင်ပင်ပူးပေါင်းနိုင်ရန် ဆန္ဒရှိပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှပြည်သူများနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုကိုလည်း ထောက်ခံအားပေးပါသည်။ လာမည် ၅ နှစ်အတွင်းတရုတ်ကွန်မြူနစ်ပါတီသည် ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံရေးပါတီများမှ လူတစ်သိန်းငါးသောင်းကို ဖိတ်ခေါ်ကာဆွေးနွေး တိုင်ပင်ရန်အခွင့်အရေးကို ဖော်ဆောင်သွားမည်ဖြစ်သည်။ ကျွန်တော်တို့အနေဖြင့် တရုတ်ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့နိုင်ငံရေးပါတီအကြီးအကဲများ တွေ့ဆုံဆွေးနွေးမှုဟာ ခိုင်မာမှုတစ်ခုအဖြစ်၊ ကိုယ်စားပြုမှုတစ်ခု အဖြစ်နိုင်ငံတကာအပေါ် အကျိုးသက်ရောက်မှုရှိသည့် အဆင့်မြင့်နိုင်ငံရေး ဆွေးနွေးရာနေရာတစ်ခုဖြစ်ရန် အကြုံပြုပါသည်။

Ladies and Gentlemen မိတ်ဆွေများ ခင်ဗျာ၊

နှစ်ပေါင်း ၂၀ဝ၀ မတိုင်မီ တရုတ်ရှေးဟောင်းအတွေးအခေါ်ပညာရှင်ကွန်ဖြူးရှပ်က   အကျိုးရှိသည့်မိတ်ဆွေ ၃ မျိုးရှိကြောင်း ပြောကြားခဲ့တာရှိပါသည်။ ထိုထဲတွင် မိတ်ဆွေတွေထဲ ဖြောင့်မတ်သည့်မိတ်ဆွေ၊ ရိုးသားသည့်မိတ်ဆွေ နှင့်အသိပညာဗဟုသုတကြွယ်ဝသည့်မိတ်ဆွေ ဟူ၍ပြောကြားခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် မိတ်ဆွေအများအပြားရှိရန်ဆန္ဒရှိပါသည်။ တရုတ်ကွန်မြူနစ်ပါတီသည့် ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း ၁၆၀ နှင့် ဒေသပေါင်း ၄၀ဝ ကျော်မှ နိုင်ငံရေးပါတီနှင့်နိုင်ငံရေးအဖွဲ့အစည်းများနှင့် ကာလကြာရှည်စွာ အဆက်အသွယ်မပြတ်ရှိပြီး မိတ်ဆွေအသိုင်းအဝိုင်းလည်း အဆက်မပြတ်ကျယ်ပြန့်လာခဲ့ပါသည်။ အနာဂတ်ကိုဦးတည်ပြီး တရုတ်ကွန်မြူနစ်ပါတီမှာ  ကမ္ဘာ့နိုင်ငံအသီးသီးရှိနိုင်ငံရေးပါတီများနှင့် ဆက်ဆံမှုကိုတိုးမြင့်ကာ ပါတီအုပ်ချုပ်မှုနိုင်ငံအုပ်ချုပ်မှု အတွေ့အကြုံများကိုမျှဝေရန်ဆန္ဒရှိပါသည်။ ယဉ်ကျေးမှု ဆက်ဆံရေးများကို ဖော်ဆောင်ပြီး အပြန်အလှန်ယုံကြည်မှု များတိုးကာ ကမ္ဘာပေါ်ရှိပြည်သူများနှင့် တစ်သားတည်းဖြစ်ကာ လူသားကံကြမ္မာအသိုက်အဝန်းကို တည်ဆောက်ရန် လှုံ့ဆော်သွားမည်။ ပိုမိုလှပသည့်အနာဂတ်ကို အတူလက်တွဲဖော်ဆောင်သွားမည်။ နောက်ဆုံးအနေဖြင့် တရုတ်ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံရေးပါတီအကြီးအကဲများဆွေးနွေးပွဲ အောင်မြင်ပါစေရန် ဆန္ဒပြုဆုမွန်ကောင်းတောင်းလိုက်ပါသည်။

အားလုံးကိုကျေးဇူးတင်ပါသည်။

   Webradio