• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် စီးပွါးရေး ဆက်တိုက် ပုံမှန် တိုးတက်နေ

(GMT+08:00) 2017-12-15 09:53:45
တရုတ် နိုင်ငံတော်စာရင်းအင်း ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ မောင်ရှိန့်ယုံက၊ ယခုနှစ် နိုဝင်ဘာလတွင် တရုတ်ပြည် စီးပွါးရေးမှာ ဆက်လက် ပုံမှန် တိုးတက် လာကြောင်း၊ ကုန်ထုတ်လုပ်မှုနှင့် ဝယ်လိုအား မှန်မှန် တိုးတက်လာကြောင်း၊ အလုပ်အကိုင်နှင့် ကုန်ဈေးနှုန်း အခြေအနေမှာ ခြုံပြီးကြည့်လျှင် ပုံမှန်ပါကြောင်း၊ စီးပွါးရေး ဖွဲ့စည်းပုံမှာ အဆက်မပြတ် ကောင်းမွန်လာပြီး ကုန်ပစ္စည်း အရည်အသွေးနှင့် အကျိုးအမြတ်များ ဆက်တိုက် တိုးမြင့်လာနေကြောင်း၊ လာမည့်နှစ်တွင် တရုတ်ပြည် စီးပွါးရေးမှာ ဆက်လက် မြန်မြန်မှန်မှန် တိုးတက်သွားမည်ဟု ခန့်မှန်းရကြောင်း ယခုလ ၁၄ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့ပါသည်။
   Webradio