• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်သည် ထိုင်ဝမ်နှင့် ပတ်သက်သော ပြဿနာကို သင့်လျော်စွာ ကိုင်တွယ်ရန် တရုတ် မျှော်လင့်

(GMT+08:00) 2017-12-15 09:39:16
  တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူသည် တရုတ်-အမေရိကန် ဆက်ဆံမှု၏ နိုင်ငံရေး အခြေခံ ဖြစ်ကြောင်း၊ အမေရိကန်နှင့် ထိုင်ဝမ်တို့ မည်သည့်အသွင်မဆို ဖြစ်သည့် အစိုးရချင်း ကူးလူးဆက်ဆံမှုနှင့် စစ်ရေးဆက်ဆံမှု ပြုလုပ်ခြင်းနှင့် အမေရိကန်က ထိုင်ဝမ်အား လက်နက် ရောင်းချခြင်းကို တရုတ်ပြည်က ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ အမေရိကန် အနေနှင့် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူနှင့် တရုတ်-အမေရိကန် ပူတွဲ ကြေညာစာတမ်း သုံးရပ်ပါ သတ်မှတ်ချက်နှင့်အညီ ထိုင်ဝမ်နှင့် ပတ်သက်သော ပြဿနာကို သင့်လျော်စွာ ကိုင်တွယ်ရန် မျှော်လင့်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။
   Webradio