• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လန်ချမ်-မဲခေါင်မြစ်ပူးပေါင်းဆောင်ရွက်မှု တိတယအကြိမ်မြောက်နိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးကျင်းပ

(GMT+08:00) 2017-12-14 13:01:26

     လန်ချမ်-မဲခေါင်မြစ်ဝှမ်းဒေသ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တတိယအကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ယခုလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ တရုတ်ပြည် ယူနန်ပြည်နယ် တာ့လီမြို့တွင် ကျင်းပမည်ဖြစ်သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ၏ ဖိတ်ကြားချက်အရ၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးPrak Sokhonn ၊ လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith၊ မြန်မာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေး ဒု ဝန်ကြီး ဦးကျော်တင်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နှင့် ဗီယက်နမ်နိုင်ငံ ဒု ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh တို့သည်၊ ယခုအကြိမ်အစည်းအဝေးသို့ တက်ရောက်ကြသည်။ တရုတ်နှင့် ကမ္ဘောဒီးယား နိုင်ငံတို့သည်၊ လန်ချမ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု ပူးတွဲသဘာပတိနိုင်ငံဖြစ်သဖြင့်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn တို့သည်၊ ယခုအကြိမ်အစည်းအဝေးကို ပူးတွဲကြီးမှူး ကျင်းပကြ မည်ဖြစ်သည်။

လန်ချမ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှုသည်၊ မြစ်ဝှမ်းတစ်လျှောက်လုံး နိုင်ငံများက အတူဆွေးနွေး၊ အတူတည်ဆောက်နှင့် အတူမျှဝေခံစားကြသည့် ပထမဆုံး ဒေသငယ် ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းသစ်တစ်ခုဖြစ်သည်။ ၂၀၁၆ခုနှစ် မတ်လတွင် လန်ချမ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု ပထမအကြိမ် ထိပ်သီးများအစည်းအဝေးကို တရုတ်ပြည် ဟိုင်နန်ပြည်နယ် ဆန်းယာ့မြို့တွင် အောင်မြင်စွာ ကျင်းပခဲ့ပြီး၊ လန်ချမ်-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစနစ်တည်ထောင်ခြင်းကို ကြေညာခဲ့သည်ဟု သတင်းအရသိရသည်။

 

   Webradio