• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ခေတ်သစ် လိုအပ်ချက်နှင့်အညီ ပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးမှုကို တွန်းအားပေးရန် ရှီကျင့်ဖိန် မှာကြား

(GMT+08:00) 2017-12-14 10:22:41

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့ အထိ ကျန်းစူးပြည်နယ် ရွှီကျိုးမြို့၌ လေ့လာကြည့်ရှုခဲ့ပါသည်။

 ရှီကျင့်ဖိန်က၊ တရုတ် ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ညီလာခံ၏ ရည်မှန်းချက် အကြောင်းအရာများကို လေ့လာ ဆည်းပူး အကောင်အထည်ဖေါ်ဆောင်ရန်မှာ မျက်မှောက်နှင့် အနာဂတ်တွင် ပါတီနှင့် ပြည်သူတစ်ရပ်လုံးတို့၏ အရေးအကြီးဆုံး လုပ်ငန်းတာဝန် ဖြစ်ကြောင်း၊ ဒေသအရပ်ရပ်မှ ဌာနအသီးသီးတို့ အနေနှင့် တရုတ် ထူးခြားချက် ယိသေသ ပါရှိသော ဆိုရှယ်လစ် ခေတ်သစ် လိုအပ်ချက်များနှင့်အညီ ပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းများကို တွန်းအားပေးရမည် ဖြစ်ကြောင်း မှာကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio