• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လွန်ခဲ့သည့် ငါးနှစ်အတွင်း တရုတ်ပြည် ပတ်ဝန်းကျင်ညစ်ညမ်းမှု ပြုပြင်ရေးတွင် အကျိုးသက်ရောက်မှု ထင်ရှား

(GMT+08:00) 2017-12-11 09:03:20

တရုတ် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး လီကန်ကျယ်က၊ လွန်ခဲ့သည့် ငါးနှစ်အတွင်း တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ပတ်ဝန်းကျင် ပြုပြင်ရေး အသွင်ပုံစံ အခြေခံအားဖြင့် ဖြစ်တည်လာပြီ ဖြစ်ပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြုပြင်ရေး ဆိုင်ရာ အကျိုးသက်ရောက်မှု ထင်ရှားပါကြောင်း ယခုလ ၁၀ ရက်နေ့က ပြောကြားပါသည်။

၎င်းသည် တရုတ် ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ကော်မတီ ၂၀၁၇ ခုနှစ် နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေးနှင့်၊ ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးရေး နိုင်ငံတကာ အဆင့်မြင့်ဖိုရမ်တွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

   Webradio