• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အယ်လ်ဂျီးရီးယား ဆက်သွယ်ရေးဂြိုဟ်တုကို တရုတ် အောင်မြင်စွာ လွှတ်တင်

(GMT+08:00) 2017-12-11 08:39:57

ယခုလ ၁၁ ရက်နေ့ည ၁၂ နာရီ မိနစ် ၄၀ တွင် တရုတ်နိုင်ငံသည် ရှီးချမ်း ဂြိုဟ်တု လွှတ်တင်ရေးစခန်း၌ လောင်းမတ်ခ်ျ အမှတ်-၃ (ခ) သယ်ဆောင်ဒုံးပျံဖြင့် အယ်လ်ဂျီးရီးယား ဆက်သွယ်ရေးဂြိုဟ်တု အမှတ်-၁ ကို အောင်မြင်စွာ လွှတ်တင် ခဲ့ကြောင်း၊ ယင်းဂြိုဟ်တုသည် သတ်မှတ် ကမ္ဘာပတ်လမ်းကြောင်းသို့ ဝင်ရောက်ပြီ ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် အယ်လ်ဂျီးရီးယား သမ္မတ ဘူဒါဖလိဂါတို့သည် ၁၁ ရက်နေ့က ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို အပြန်အလှန် ပေးပိုခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio