• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် အမေရိကန်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သင့်ဟု ဝမ်ယိ ဆို

(GMT+08:00) 2017-12-10 09:20:08
ယခုလ ၉ ရက်နေ့က ကျင်းပသော ၂၀၁၇ ခုနှစ် နိုင်ငံတကာ အခြေအနေနှင့် တရုတ်ပြည် သံတမန်ရေး နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင်၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက၊ တရုတ်နှင့် အမေရိကန်တို့သည် ကမ္ဘာ့ စီးပွါးရေး အုပ်စုကြီး နိုင်ငံ နှစ်နိုင်ငံ အနေနှင့် အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခြင်းသည် နိုင်ငံတကာမိသားစုကြီးအား အပြုသဘောဆောင်သော အချက်ပြမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အပြန်အလှန် လေးစားသော အခြေခံပေါ်တွင် အမေရိကန်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုကြောင်း၊ အမေရိကန်သည်လည်း ကိုယ့် နိုင်ငံ၏ လက်တွေ့ အခြေအနေအရ ဖွံ့ဖြိုးနေသော၊ တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ်ကို စွဲကိုင်သည့် တရုတ်နိုင်ငံအား နားလည် လက်ခံရမည် ဖြစ်ကြောင်း ပြောကြားပါသည်။
   Webradio